၂၀၂၃ ခုနှစ် အတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုများ ပါဝင်ယှဉ်ပြိုင်ရေးအသိပညာပေး ဆွေးနွေး

 

နေပြည်တော်   ဩဂုတ်  ၃၁


မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ ခရီးသွားလုပ်ငန်း   စံနှုန်းဆုများ   ပါဝင်ယှဉ်ပြိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို   ယနေ့   နံနက်ပိုင်း တွင်    ဟိုတယ်နှင့်   ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌   Hybrid   စနစ်ဖြင့်   ကျင်းပ သည်။

 


စတင်ပေးအပ်ချီးမြှင့်


ဆွေးနွေးပွဲတွင်  ဟိုတယ်နှင့်  ခရီးသွားလာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ဌေးအောင်က  ၂၀၀၈  ခုနှစ်တွင်   ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင်    အာဆီယံ အစိမ်းရောင် ဟိုတယ်ဆုများ စတင်ပေးအပ်ချီးမြှင့် ခဲ့ကြောင်း။

 


စံနှုန်း ၁၀ ခုအထိ ရေးဆွဲပြီးဖြစ်


ယနေ့ကာလတွင် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများသည်  အစိမ်းရောင်ဟိုတယ်  စံနှုန်းအပြင် ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းစံနှုန်း၊ ရပ်ရွာလူထုအခြေပြု     ခရီးသွားလုပ်ငန်းစံနှုန်း၊ သန့်ရှင်းသော ခရီးသွားမြို့တော်များစံနှုန်း၊ Home Stay  စံနှုန်း၊ အများပြည်သူသုံး  သန့်စင်ခန်းစံနှုန်း၊ Spa ဝန်ဆောင်မှုများစံနှုန်း၊ Meetings, Incentives, Conferences, Exhibitions- MICE Venue စံနှုန်း တွင် အစည်းအဝေးခန်းမ၊ ပြပွဲခန်းမနှင့် event ခန်းမ စသည်ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ စုစုပေါင်း စံနှုန်း ၁၀ ခုအထိ ရေးဆွဲပြီးဖြစ်ကြောင်း။  

 


မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်ဟိုတယ်ဆု ၆၃ လုံး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆု တွင် ကျေးလက်ခရီးစဉ်ဆုအတွက်  သုံးခု၊ မြို့ပြခရီး စဉ်ဆုအတွက် နှစ်ခု၊ လူမှုအဖွဲ့အစည်း အခြေခံခရီး သွားလုပ်ငန်းဆု ငါးခု၊ သန့်ရှင်းသော ခရီးသွားမြို့တော် ဆု ကိုးခု၊ အများပြည်သူသုံးသန့်စင်ခန်းဆု သုံးခု၊ အစည်းအဝေးခန်းမဆု ၁၂ ခု၊ ပြပွဲခန်းမဆု  နှစ်ခု စုစုပေါင်း  ၉၉ ဆု ရရှိထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၃  ခုနှစ်  ဇန်နဝါရီလတွင်   အင်ဒိုနီးရှားနိုင်ငံ ဂျော့ဂျာကာတာမြို့တွင် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ပြီး စံနှုန်းဆုများ ဆက်လက်ပေးအပ်ချီးမြှင့်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊  စံနှုန်းများအလိုက် အမှတ်ပေးစည်းမျဉ်းများ ကို သိရှိစေလိုသဖြင့် ယနေ့ ဆွေးနွေးပွဲကို ကျင်းပရ ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်     မိမိတို့နှင့်ကိုက်ညီသည့် စံနှုန်းဆုများကို     ပါဝင်ယှဉ်ပြိုင်လျှောက်ထားစေလို ကြောင်း ပြောကြားသည်။

 


ရှင်းလင်းဆွေးနွေး


ထို့နောက်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်   ဥက္ကဋ္ဌက   အသင်းအဖွဲ့များမှ   စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများနှင့် အကောင်အထည် ဖော်ရာတွင်    ပါဝင်ဆောင်ရွက်နေမှု၊   ဘာသာရပ် တာဝန်ခံများက  အာဆီယံခရီးသွားလုပ်ငန်းစံနှုန်း များနှင့် မြန်မာနိုင်ငံမှ  အဆိုပါစံနှုန်းဆုများ  ပါဝင် လျှောက်ထားမှုနှင့် ဆုရရှိမှုအခြေအနေများ၊ အာဆီယံ ရပ်ရွာလူထုအခြေပြု   ခရီးသွားလုပ်ငန်းစံနှုန်းများ၊ အာဆီယံအများပြည်သူသုံး  သန့်စင်ခန်းများဆိုင်ရာ စံနှုန်းများနှင့်    ဆုများပါဝင်လျှောက်ထားနိုင်ရေး ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးကြ ပြီး  သိရှိလိုသည်များကို  ဆွေးနွေးမေးမြန်းကြကာ  ပြည်ထောင်စုဝန်ကြီးက    နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

 


ဆုများပေးအပ်နိုင်ရေး စီစဉ်


၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြီး ဆုများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                

သတင်းစဉ်