၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ


အောက်တိုဘာလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင်    ဖြစ်ပေါ်ခဲ့သော    လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ တတိယ (၁၀) ရက်ပတ်အတွင်း မုန်တိုင်းငယ်အဖြစ် သို့ ပိုမိုအားကောင်းလာနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ 


မိုးအခြေအနေနှင့် မိုးရွာရက်


မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊  ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်၊  ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်      ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 


နေပြည်တော်၊   ပဲခူးတိုင်းဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ၅ ရက်မှ ၇ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင်  ၂ ရက်မှ ၄ ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါသည်။ 


မြစ်ရေအခြေအနေ


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် သုံးပေမှ လေးပေခန့်နှင့် သပိတ်ကျင်းမြို့၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊  ညောင်ဦးမြို့၊  ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည်  ခန္တီးမြို့၊   ဟုမ္မလင်းမြို့၊  ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် သုံးပေမှ  ငါးပေခန့် လက်ရှိရေမှတ်များအောက်  ကျဆင်းလာနိုင်ပါသည်။


မြစ်သာမြစ်ရေသည် ကလေးမြို့တွင် သုံးပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် နှစ်ပေမှ ခြောက်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် လေးပေမှ ငါးပေခန့်၊  ရွှေကျင်မြစ်ရေသည်  ရွှေကျင်မြို့တွင်  တစ်ပေခန့်၊  ပဲခူး မြစ်ရေသည်  ဇောင်းတူမြို့နှင့်  ပဲခူးမြို့တို့တွင်  တစ်ပေမှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် သုံးပေခန့်၊ သောင်ရင်းမြစ်ရေ သည် မြဝတီမြို့တွင် တစ်ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေခွဲမှ နှစ်ပေခွဲခန့်၊ တိုးမြစ်ရေ သည် မအူပင်မြို့တွင် တစ်ပေခွဲခန့်၊ ကုလားတန် မြစ်ရေသည် ပလက်ဝ မြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ နှစ်ပေခန့်၊ လေးမြို့မြစ်ရေ သည်   မြောက်ဦးမြို့တွင်  ပေဝက်ခန့်နှင့်  ဘီးလင်းမြစ်ရေသည်  ဘီးလင်းမြို့တွင်    နှစ်ပေခန့်  လက်ရှိရေမှတ်များအောက်   ကျဆင်း လာနိုင်ပါသည်။

မိုး/ဇလ