၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နန်နင်း  ဇွန်   ၆
၂၀၂၃ ခုနှစ်    အာဆီယံမိတ်ဖက် မီဒီယာ   ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်   (2023   ASEAN   Partners Media   Cooperation  Forum)ကို  ယနေ့နံနက်ပိုင်းက  တရုတ် နိုင်ငံ  ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်း မြို့ Li Yuan Grand Metro Park Hotel ရှိ International Convention Center   တွင်   ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ်    ဦးရဲနိုင်   ဦးဆောင် သော  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ရှေးဦးစွာ      တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ    ဗဟိုကော်မတီ  ပြန်ကြားရေးနှင့်   ပြည်သူ့ရေးရာဌာန   ဒုတိယဝန်ကြီးနှင့်   တရုတ်မီဒီယာ အုပ်စု (China  Media  Group- CMG)   ဥက္ကဋ္ဌ မစ္စတာ ရှင်ဟိုင်ရှုံ က   တက်ရောက်လာကြသည့်   အာဆီယံနိုင်ငံများမှ    ကိုယ်စား လှယ်အဖွဲ့   အကြီးအကဲများအား   တွေ့ဆုံနှုတ်ဆက်ပြီး ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားသည်။ 
ထို့နောက်    ၂၀၂၃    ခုနှစ် အာဆီယံ           မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး    ဖိုရမ်ကို ကျင်းပရာ         တရုတ်နိုင်ငံ ပြန်ကြားရေးနှင့် ပြည်သူ့ရေးရာ ဌာန    ဒုတိယဝန်ကြီး   မစ္စတာ ရှင်ဟိုင်ရှုံ၊  ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ    ကွန်မြူနစ် ပါတီ  အတွင်းရေးမှူးနှင့်   ကွမ်ရှီး ပြည်သူ့ကွန်ဂရက်        အမြဲတမ်း ကော်မတီဥက္ကဋ္ဌ မစ္စတာလျူနင် တို့က    တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး         ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ် မစ္စတာ ဝစ္စနူး ကီရာနမ်နှင့် ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ    ခရူးခန်ဟာရစ်တို့က  Online  ဖြင့်   အဖွင့်အမှာစကားများ  အသီးသီးပြောကြားကြသည်။ 
ဆက်လက်၍     အာဆီယံ- တရုတ် မီဒီယာဌာန (ASEAN - China  Media Complex) ၏ AI Studio စတင်ဖွင့်လှစ်ခြင်း၊ CMG ၏ Ethereal Sound App တွင် အာဆီယံဇုန်        စတင်ဖွင့်လှစ်ခြင်း၊ အာဆီယံဒေသတွင်း    တရုတ် ယဉ်ကျေးမှု     ဒစ်ဂျစ်တယ်ပုံရိပ် ဆိုင်ရာပြပွဲ ဖွင့်ပွဲနှင့်   တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများကို  အာဆီယံ မီဒီယာ   မိတ်ဖက်အဖွဲ့အစည်းများ က  လေ့လာခြင်းအစီအစဉ် စတင် ခြင်း   အခမ်းအနားများကို တရုတ်  နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အကြီး အကဲများက စက်ခလုတ်နှိပ်ဖွင့် လှစ်ရာ  မြန်မာကိုယ်စားလှယ်အဖွဲ့ မှ   ညွှန်ကြားရေးမှူးချုပ်     ဦးရဲနိုင်    ပါဝင်ဆောင်ရွက်သည်။
ယင်းနောက်           ဖိုရမ်ကို ဆက်လက်ကျင်းပရာ   တရုတ်-အာဆီယံစင်တာ      အထွေထွေ အတွင်းရေးမှူး မစ္စတာ   ရှီကျုန်း ကျွမ်၊            လာအိုသတင်းစဉ်မှ ညွှန်ကြားရေးမှူးချုပ်      မစ္စတာ ခမ်ဖွီဖီလာဖာ၊ ကွမ်ရှီးရုပ်သံ ဥက္ကဋ္ဌ နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ    ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မစ္စတာ ဖန်ရီ၊  ထိုင်းနိုင်ငံနေးရှင်းအုပ်စုမှ အထူး အကြံပေးပုဂ္ဂိုလ်  မစ္စတာ အာဒီ ဆက်လင်ပရွန်    ပါတာနာကစ်၊ အင်ဒိုနီးရှားနိုင်ငံ             ရေဒီယို အယ်လ်ရှင်တာမှ အယ်ဒီတာချုပ် ဟာရို     ရီစတာမာဂျီတို့နှင့်အတူ  မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဌာန  မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား   ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က  အသီးသီးမိန့်ခွန်း ပြောကြားကြသည်။ 
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က       မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့်   အနာဂတ် တွင် အာဆီယံ မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို အလေးထားပြီး      အိမ်နီးချင်း ကောင်းပီပီ   အချင်းချင်းချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည် လေးစားမှု၊    သာတူညီမျှရှိမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့အပေါ် အခြေခံပြီး   ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊     မြန်မာ နိုင်ငံအနေဖြင့်  တရုတ်နိုင်ငံကဲ့သို့ အိမ်နီးချင်း           နိုင်ငံများအပြင် အာဆီယံ               အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊      အခြား ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးမှုကို  ဆက်လက်မြှင့်တင်ပြီး မီဒီယာကဏ္ဍအပြင် အခြားကဏ္ဍစုံ တွင်      အတူတကွ      ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အာဆီယံ     မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး    ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိရာ     ယခုနှစ် အခမ်းအနားကို တရုတ်-အာဆီယံ မဟာဗျူဟာမြောက်     မိတ်ဖက် ဆက်ဆံရေး    တည်ထောင်ခြင်း နှစ် (၂၀)     ပြည့်အထိမ်းအမှတ် နှင့်  ၂၀၂၃  ခုနှစ်    Belt  and  Road  Initiative ၏  (၁၀)   နှစ် ပြည့် အထိမ်းအမှတ်နေ့များကို ရည်ရွယ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်       ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ   မြို့တော်     နန်နင်းမြို့၌ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။                         သတင်းစဉ်