
နေပြည်တော် ဇူလိုင် ၂၈
အာဆီယံ - တရုတ် ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကွမ်းတုန်းပြည်နယ် ရှန်းကျန်း မြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ် အော်ဒေသ (ကျူးဟိုင်း) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 AESEN-China Greater Bay Area (Qiangai) Economic Cooperation Forum) သို့ တက် ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့် နယ်ပယ်များ၌ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာ ပင်လယ်အော်ဒေသ၏ အခန်း ကဏ္ဍကို အလေးပေး ထည့်သွင်း ဆွေးနွေးရန် ရည်ရွယ်ပြီး အာဆီယံ-တရုတ် ဗဟိုဌာနက အဆိုပါဖိုရမ်ကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့ တက် ရောက်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်မှ ကိုယ်စားလှယ်များ အဖွဲ့ဝင် အဖြစ် လိုက်ပါသွားကြောင်း သတင်းရရှိသည်။
သတင်းစဉ်