၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးအတွက် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသော ပြိုင်ပွဲအဆင့်နှင့် ဘာသာရပ်များ

 

၁။    ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ပြိုင်ပွဲအဆင့်
    (က)    ဝါသနာရှင်(ပထမတန်း)အဆင့်
    ( ခ )    ဝါသနာရှင်(ဒုတိယတန်း)အဆင့်
    ( ဂ )    အဆင့်မြင့်ပညာအဆင့်
    (ဃ)    အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်
    ( င )    အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့် 
၂။    ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ဘာသာရပ်များ
    (က)    အဆိုပြိုင်ပွဲ  
        (၁)    မဟာဂီတ(အဆင့်အားလုံး)
        (၂)    ခေတ်ဟောင်းတေး/ကာလပေါ်(အဆင့်အားလုံး)
        (၃)    အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲ{ဝါသနာရှင်(ဒုတိယတန်း) အဆင့်၊  အဆင့်မြင့်ပညာအဆင့်}        
    ( ခ )    အကပြိုင်ပွဲ  
        (၁)    အကပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)(အဆင့်အားလုံး)
        (၂)    မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်)(အမျိုးသမီး) ၁၆ ဦး  ယိမ်းအက  ပြိုင်ပွဲ(အခြေခံပညာ အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်းအဆင့်)
        (၃)    တိုင်းရင်းသားရိုးရာအက/ကျေးလက်ရိုးရာအကပြိုင်ပွဲ(တစ်ဖွဲ့လျှင် ၁၆ ဦး၊ ကြာမြင့်ချိန် အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ထက်မပိုသော တေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်၊)
        (၄)    ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲ(၁၆ - ဦး)
        (၅)    ဇာတ်တော်ကြီးပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း) အဆင့်တွင်  မဟောသဓာဇာတ်တော် ကြီး(ပြိုင်ပွဲဝင်ရန်သတ်မှတ်ချိန်မှာ ၃ နာရီဖြစ်ပြီး  ပြိုင်ပွဲဝင်အင်အားမှာ တစ်ဖွဲ့လျှင် ဆိုငိုပြောနှင့်အခြားပညာရှင်၂၃ ဦး၊ ဆိုင်း ၇ ဦး စုစုပေါင်း ၃၀ ဦး ယှဉ်ပြိုင်ရန်၊)  
        (၆)    ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် ပညာရွှေအိုးဇာတ်  (ပြိုင်ပွဲဝင်ရန် သတ်မှတ်ချိန်မှာ ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ပြိုင်ပွဲဝင်အင်အားမှာ တစ်ဖွဲ့လျှင်  ကြိုးဆွဲနှင့် ဆိုငိုပြောပညာရှင် ၁၃ ဦး၊ ဆိုင်း ၇ ဦးဖြင့်  စုစုပေါင်း  ၂၀ ဦး ယှဉ်ပြိုင်ရန်၊)
         (၇)    ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်  (အမျိုးသား၊ အမျိုးသမီး) (မင်းသားနှင့် မင်းသမီးရုပ်ဖြင့်ယှဉ်ပြိုင်ရန်၊ )
        (၈)    ကွက်စိပ်ပြိုင်ပွဲ
    (ကက)  ဝါသနာရှင်(ပထမတန်း)အဆင့်(အမျိုးသား)၊ တိလမုဋ္ဌိဇာတ်၊
    ( ခခ )     ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသား)၊ သသပဏ္ဍိတဇာတ်။ 
    ( ဂ )    အရေးပြိုင်ပွဲ
    (၁)    ဝါသနာရှင်(ပထမတန်း)အဆင့် (အမျိုးသား/အမျိုးသမီး)
    (၂)    ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား/အမျိုးသမီး)
    (၃)    အဆင့်မြင့်ပညာအဆင့် (အမျိုးသား/အမျိုးသမီး)
    (၄)    အခြေခံပညာ(အသက် ၁၅နှစ်ပြည့်မှ၂၀နှစ်အတွင်း)အဆင့်(အမျိုးသား/ အမျိုးသမီး) 
    (ဃ)    အတီးပြိုင်ပွဲ
    (၁)     စောင်း        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)    
    (၂)    စန္ဒရား        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၃)    ပတ္တလား        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၄)    တယော        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၅)    မယ်ဒလင်        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၆)    ဂီတာ        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၇)    ဒုံမင်း        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၈)    ဆိုင်းတစ်ဦးချင်း        -    တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
    (၉)    ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်         -    အဖွဲ့လိုက်(အမျိုးသား-၈ ဦး၊ အမျိုးသမီး - ၈ ဦး)
    (၁၀)    နှဲ        -    တစ်ဦးချင်း(အမျိုးသား)
    (၁၁)    ပလွေ        -    တစ်ဦးချင်း(အမျိုးသား)        
    (၁၂)    အိုးစည်        -    အဖွဲ့လိုက်(အမျိုးသား - ၅ ဦး)
    (၁၃)    ဒိုးပတ်        -    အဖွဲ့လိုက်(အမျိုးသား - ၆ ဦး) 
မှတ်ချက်။    အိုးစည်ပြိုင်ပွဲနှင့်  ဒိုးပတ်ပြိုင်ပွဲများတွင်  ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်တို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်အတီးပြိုင်ပွဲများတွင် အဆင့်အားလုံး ယှဉ်ပြိုင်ရန်။)    
(ဆက်လက်ဖော်ပြပါမည်)