
နေပြည်တော် ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိ သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများထောက်ပံ့ ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံ ရယူကြသည်။
အလားတူ ဟားခါးတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့ များမှ မိသားစုဝင် ကျောင်းသား ကျောင်းသူများအား တပ်နယ်ခန်းမ၌ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်