၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
နေပြည်တော် သြဂုတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်း ဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူ များနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံ တကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိ ပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဩဂုတ် ၂၆ ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီး ဖြင့် ထွက်ခွာခဲ့ရာ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံ ဆိုင်ရာစစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
သွားရောက်လည်ပတ်
အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း၊ မွန်းလွဲပိုင်းတွင် Ling Guang ဘုရား ကျောင်းသို့ သွားရောက်၍ ဘုရားကျောင်း တွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓ မြတ်စွယ်တော်အား ဖူးမြော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နွေရာသီနန်းတော်သို့လေ့လာ
ယနေ့နံနက်ပိုင်းတွင် အဆိုပါထူးချွန် လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့ သည် ပေကျင်းမြို့ရှိ Grate wall သို့ သွားရောက်လေ့လာခဲ့ကြပြီး မွန်းလွဲပိုင်း တွင် နွေရာသီနန်းတော်သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။
ရှင်းလင်းပြသ
ထိုသို့ သွားရောက်လေ့လာရာတွင် နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန် လူငယ်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ နေရာ အလိုက်မှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်