
နေပြည်တော် ဧပြီ ၂၆
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန် မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေ ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန(၂)၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန် ရှိသူများ တက်ရောက်ကြည့်ရှုအား ပေးကြသည်။
ဂုဏ်ပြုဖျော်ဖြေတင်ဆက်
ဖျော်ဖြေပွဲတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားနှင့် မြဝတီ တေးဂီတအဖွဲ့တို့မှ အနုပညာရှင် များက ခေတ်ပေါ် တေးသီချင်းများ၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ တိုင်းကျိုးပြည်ပြု တေးသီချင်း များ၊ လူငယ်မောင်မယ်များ စိတ် ခွန်အားရရှိစေမည့် တေးသီချင်း နှင့် အကအလှများ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး မှ နိုင်ငံကျော် ဟာသပညာရှင် ဒိန်းဒေါင်နှင့်အဖွဲ့က စိတ်ပျော်ရွှင် ချမ်းမြေ့စေမည့် ဟာသပျက်လုံး များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက် ကြရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ၊ ကင်း ထောက်လူငယ် မောင်မယ် များ၊ ကြက်ခြေနီမောင်မယ် များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက စိတ်လက်ပေါ့ပါး တက်ကြွစွာ ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေ ပေးကြသည့် အနုပညာရှင်များနှင့် အတူ တပျော်တပါး ပါဝင်သီဆို ဆင်နွှဲကြသည်။
တစ်ခဲနက်အားပေး
ထို့ပြင် လူရည်ချွန်မောင်မယ် များကလည်း တေးသီချင်းများဖြင့် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း ပေါ့ပါးလွတ်လပ်စွာ ပါဝင်သီဆို ဖျော်ဖြေကြရာ ပရိသတ်များက တစ်ခဲနက် အားပေးကြသည်။
ထို့နောက် လူရည်ချွန် မောင်မယ်များသည် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ မြဝတီတေးဂီတ အဖွဲ့တို့မှ အနုပညာရှင်များ၏ “လတ်တီး” နှင့် “တောင်ယာ ဝင်ချိန်” တေးသီချင်းသီဆိုမှုနှင့် အတူ မြိုင်မြိုင်ဆိုင်ဆိုင် သီဆို ကခုန်ကြကာ ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယမန်နေ့ ညနေပိုင်းက လည်း မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ လူရည် ချွန်ကျောင်းသား ကျောင်းသူများ အား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှု အန္တရာယ်” Video Clip နှင့် “နိုင်ငံတော်တည်ဆောက် ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်း ကဏ္ဍ” Video Clip တို့ကို ပြသ ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က MRTV DTH စလောင်း အစုံ ၃၀ နှင့် DVB T2 Set Top Box အလုံးရေ ၁၅၀ တို့ကို ကံစမ်း မဲဖောက်ကာ မဲပေါက်ကြ သည့် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ၊ ကင်း ထောက်လူငယ်မောင်မယ်များနှင့် ကြက်ခြေနီ မောင်မယ်များအား ပေးအပ်ခဲ့ကြသည်။
သတင်းစဉ်