၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်  ဧပြီ  ၂၄
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် တိုင်းဒေသကြီး နှင့်    ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား ကျောင်း သူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတ သန္တိ  စေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြသည်။ 
ရှေးဦးစွာ လူရည်ချွန်ကျောင်း သား     ကျောင်းသူများသည် ပြည်ထောင်စုနယ်မြေ   နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင်   တည် ထားပူဇော်     အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ  ကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး   ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့ရောက်ရှိကြရာ ရှင်းလင်း ဆောင်၌   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး    ဂေါပကအဖွဲ့ တာဝန်ရှိသူက  မာရဝိဇယဘုရား ကြီး တည်ထားကိုးကွယ်ပူဇော်ရ ခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော် မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ  ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိ ယာများ အသုံးပြု၍   ကျောက်စာ တော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်း အနားကြီးများ စည်ကားသိုက်မြိုက် စွာ   ကျင်းပနိုင်ခဲ့မှု     အခြေအနေ တို့ကို ရှင်းလင်းပြောကြားပြီး မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ   တည်ထားပူဇော် နိုင်ရန်    အဆင့်ဆင့်ဆောင်ရွက် ခဲ့မှု   ဗီဒီယိုမှတ်တမ်းကို    ပြသ သည်။
ထို့နောက် လူရည်ချွန်ကျောင်း သား  ကျောင်းသူများက   ရုပ်ပွား တော်မြတ်ကြီး    အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု  အခြေ အနေများနှင့်  စပ်လျဉ်း၍   သိရှိလို သည်များကို မေးမြန်းကြရာ တာဝန် ရှိသူများက အသေးစိတ်ပြန်လည် ရှင်းလင်း  ဖြေကြားကြသည်။ 
ယင်းနောက်    မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကြပြီး  ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက် များအသုံးပြု၍ တည်ဆောက်ထား သည့်   ဂန္ဓကုဋိတိုက်များ၊   ဗုဒ္ဓ ဥယျာဉ်တော်အတွင်း   အံ့မခန်း ဗိသုကာလက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထား သည့်  ကျောက်စာရုံစေတီတော် နှင့်အခြားသာသနိက   အဆောက် အဦများကို   ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။
ဆက်လက်၍   လူရည်ချွန် ကျောင်းသား   ကျောင်းသူများ သည် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီးသို့  ရောက်ရှိကြကာ  စေတီ တော်မြတ်ကြီး     လိုဏ်တော် အတွင်းရှိ   ကျောက်စိမ်းရုပ်ပွား တော်များနှင့် စေတီတော်ရင်ပြင် အတွင်း       လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်အရှေ့ ဘက်မုခ်ရှိ   ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ် သို့ သွားရောက်၍   ဆင်ဖြူတော် များကို      လေ့လာကြည့်ရှုကြ သည်။  
အဆိုပါ လူရည်ချွန် ကျောင်း သား  ကျောင်းသူများအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၂ ဦး၊ ကရင် ပြည်နယ်မှ ရှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၄၀၊  တနင်္သာရီတိုင်း ဒေသကြီးမှ ၂၂ ဦး၊ ပဲခူးတိုင်းဒေသ ကြီးမှ ၄၈ ဦး၊ မကွေးတိုင်းဒေသကြီး မှ ၄၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၆၄ ဦး၊ မွန်ပြည်နယ်မှ ၂၄ ဦး၊ ရခိုင် ပြည်နယ်မှ ၃၀ ၊ ရန်ကုန်တိုင်းဒေသ ကြီးမှ ၈၀၊ ရှမ်းပြည်နယ်မှ   ၈၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ၆၄ ဦး နှင့် နေပြည်တော်မှ ၁၆ ဦး စုစုပေါင်း ၅၅၄ ဦးနှင့် ကြီးကြပ်သူ ၆၄ ဦး ပါဝင်ကြောင်း သိရသည်။ 
အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ဖိုးပြည့်စုံ