
အဒစ္စအဘာဘာ ဇူလိုင် ၃၀
အီသီယိုးပီးယားလေကြောင်းလိုင်းသည် ဇူလိုင် ၇ ရက်တွင် ကုန်ဆုံးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ငွေပမာဏသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့်တက် လာကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်း အဖွဲ့၏ အမှုဆောင်အရာရှိချုပ် မက်စ်ဖင်း တက်စ်ဆူးသည်က တနင်္လာနေ့တွင် ပြောသည်။ ယင်းကာလအတွင်း လေကြောင်းလိုင်းသည် ၅၇၇၇၄၆ နာရီ ပျံသန်းခဲ့ပြီး ယမန်နှစ်က စုစုပေါင်း ပျံသန်းသည့် နာရီ နှင့် နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း အမှုဆောင်အရာရှိချုပ် တက်စ်ဆူး သည်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အီသီယိုးပီးယား လေကြောင်းလိုင်းသည် ယင်းကာလအတွင်း နိုင်ငံတကာခရီးသွား ၁၃ ဒသမ ၄ သန်းအပါအဝင် ခရီးသည် ၁၇ ဒသမ ၁ သန်းကို ပို့ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂ ဘီလီယံရရှိခဲ့ကြောင်း ၎င်းကပြောသည်။ ဆင်ဟွာ