
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ်နှင့် တတိယအသုတ် ဝိဇ္ဇာအထူးပြု ပထမနှစ် (၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများ အတွက် အနီးကပ်သင်တန်းများနှင့်စာမေးပွဲများကို အောက်ပါအတိုင်းကျင်းပမည်ကြောင်း ကြေညာလိုက်သည် -
(၁) အဝေးသင် ဒုတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲကျင်းပမည့်အစီအစဉ်
သင်တန်းနှစ် - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
အထူးပြုဘာသာရပ်များ - အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ
အနီးကပ်သင်တန်းကာလ - (၁၂-၉-၂၀၂၂) ရက်မှ (၂၂-၉-၂၀၂၂) ရက်ထိ
စာမေးပွဲကာလ - (၂၆-၉-၂၀၂၂) ရက်မှ (၁-၁၀-၂၀၂၂) ရက်ထိ
(၂) အဝေးသင် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲကျင်းပမည့်အစီအစဉ်
သင်တန်းနှစ် - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
အထူးပြုဘာသာရပ်များ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ
အနီးကပ်သင်တန်းကာလ - (၃-၁၀-၂၀၂၂) ရက်မှ (၁၅-၁၀-၂၀၂၂) ရက်ထိ
စာမေးပွဲကာလ - (၁၈-၁၀-၂၀၂၂) ရက်မှ (၂၅-၁၀-၂၀၂၂) ရက်ထိ
အဆင့်မြင့်ပညာဦးစီးဌာန