
နေပြည်တော် ဧပြီ ၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာ အချိန် ၆ နာရီ ခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူ တော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမည် တော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူ တော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်
ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာ ကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ် ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူ တော်လေးဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး“ရဌနန္ဒက” မှာ ယခုအသက် ၉ လသားအရွယ်တွင် အရပ်အမြင့် ၃ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၄၉၀ ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မ ကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ ကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေ ရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်း စနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်