၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး“ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂၃ 


ရခိုင်ပြည်နယ်    တောင်ကုတ်မြို့နယ်ရှိ   မြန်မာ့သစ် လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊  အသက် ၃၃ နှစ်က    ဆင်ဖြူတော်(အထီး)ကလေး   တစ်စီးအား ၂၀၂၂ ခုနှစ်  ဇူလိုင်  ၂၃ ရက် နံနက်  မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေး မှာ မွေးဖွားစတွင်  အရပ်အမြင့်  ၂ ပေ   ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။


ဆင်ဖြူတော်ကလေး၏     ဘွဲ့နာမံတော်မှာ  “ရဌနန္ဒက” ဖြစ်ပြီး   အဆိုပါ    ဆင်ဖြူတော်လေး သည်  ရတနာဆင်ဖြူတော်များ၏  ကြန်အင်လက္ခဏာ ၈    ချက်အနက်    မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ    ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊   အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့်  ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။


လေ့ကျင့်သင်ကြားပေး


အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် ၁ နှစ် ၂ လသားအရွယ်တွင် အရပ် အမြင့် ၃ ပေ ၁၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၈၃၁ ပေါင်ရှိလာပြီး ရတနာဆင်ဖြူ တော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်  နေပြည်တော်ရှိ   ရတနာ ဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့်   ဆင်ဖြူတော်လေးဖြစ်ပြီး   ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်  လူသားတို့အကြား   ကောင်းမွန်စွာ   ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Intera-ction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                              
       

သတင်းစဉ်