
နေပြည်တော် သြဂုတ် ၂၂
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ် ခြင်း၊ ကျောကုန်းမှာ ငှက်ပျော ကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေး အဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါး ပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာ ကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက် ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် ၁ နှစ်၊ ၁ လသားအရွယ်တွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၇၂၆ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်း စောင့်ရှောက်ရေး ဥယျာဉ်၊ နေပြည်တော်ရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာ ပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူ တော်လေး “ရဌနန္ဒက”မှာ ငယ်စဉ် ကတည်းကပင် လူနှင့်ယဉ်ပါး သည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊ ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့် သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်