၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်   မတ်   ၂၃ 


ရခိုင်ပြည်နယ်    တောင်ကုတ် မြို့နယ်ရှိ      မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ    ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ်ဇူလိုင် ၂၃  ရက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ  ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ     ဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ       ရှစ်ချက် အနက် မျက်လုံး ပုလဲရောင်ဖြစ် ခြင်း၊ ကျောကုန်းမှာ      ငှက်ပျော ကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊   အမွေး အဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါး ပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာ ကွက်ဖြစ်ခြင်း၊     အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက် ခြေသည်း   လေးခုစီ   ပါရှိခြင်း၊ နားကြီးခြင်း      စသည့်ရတနာ ဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ခုနစ်ချက်ဖြင့် ကိုက်ညီ သော   ဆင်ဖြူတော်လေး    ဖြစ် သည်။


အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ    ယခုအသက်  တစ်နှစ်၊  ရှစ်လသားအရွယ်တွင် အရပ်အမြင့် လေးပေ  တစ်လက်မ ကိုယ်လုံး   လုံးပတ် ၆  ပေ   ၇ လက်မ၊ ကိုယ်အလေးချိန် ၁၂၄၃ ပေါင်ရှိလာပြီး    ရတနာဆင်ဖြူ တော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်  နေပြည်တော်ရှိ   ရတနာ ဆင်ဖြူတော်ဆောင်တွင်    မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင် လျက်ရှိကြောင်းနှင့် ဆင်ဖြူတော် လေး  “ရဌနန္ဒက”   မှာ   ငယ်စဉ် ကတည်းကပင်    လူနှင့်ယဉ်ပါး သည့်  ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်    ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန်    လေ့ကျင့် သင်ကြားခြင်းစနစ်    “Peace Human and Elephant Inter-action Training” ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်    ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်