၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၃ 


ရခိုင်ပြည်နယ်     တောင်ကုတ် မြို့နယ်ရှိ     မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ    ဆင်မ   ဇာနန်းလှ၊ အသက် ၃၃ နှစ်က  ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ      ဆင်ဖြူတော်လေးမှာ    မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ ၅ လက်မ၊  ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊    ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။


ဆင်ဖြူတော်ကလေး၏    ဘွဲ့ နာမံတော်မှာ  “ရဌနန္ဒက”  ဖြစ်ပြီး အဆိုပါ  ဆင်ဖြူတော်လေးသည်     ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ         ၈        ချက်အနက် မျက်လုံး        ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ    ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊    အမွေးအဖြူ ရောင်ဖြစ်ခြင်း၊   အမြီးတံခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက် ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊  ခြေဖဝါးတွင်  ရှေ့ခြေ သည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊   နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ    ခုနစ်ချက် ကိုက်ညီသော  ဆင်ဖြူတော်လေး ဖြစ်သည်။


အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက”  မှာ    ယခုအသက် တစ်နှစ်၊ ခုနစ်လသား အရွယ်တွင် အရပ်အမြင့် လေးပေ တစ်လက်မ၊ ကိုယ်လုံး    လုံးပတ်   ခြောက်ပေ ခုနစ်လက်မ၊    ကိုယ်အလေးချိန် ၁၁၆၆ ပေါင်ရှိလာပြီး   ရတနာ ဆင်ဖြူတော်  ထိန်းသိမ်းစောင့် ရှောက်ရေးဥယျာဉ်    နေပြည် တော်ရှိ    ရတနာဆင်ဖြူတော် ဆောင်တွင်   မိခင်ဆင်မကြီးနှင့် အတူ    ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်း ကပင်   လူနှင့်    ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး   ပိုမို ယဉ်ပါးလာစေရန် ဆင်နှင့်လူသား တို့အကြား ကောင်းမွန်စွာဆက်ဆံ တတ်စေရန် လေ့ကျင့်သင်ကြား ခြင်းစနစ်    “Peace     Human   and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း   သတင်းရရှိ သည်။ 


သတင်းစဉ်