၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃ 


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ    မြန်မာ့ သစ်လုပ်ငန်း  ဆင်ဝိုင်းမှ  ဆင်မ  ဇာနန်းလှ၊ အသက်  ၃၃  နှစ်က  ဆင်ဖြူတော်  (အထီး)   ကလေး  (၁) စီးအား ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာအချိန်   ၆  နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ   မွေးဖွားစတွင်   အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀   ခန့်ရှိသည်။

 


ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ     “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေး သည်  ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ   ၈   ချက် အနက်   မျက်လုံးပုလဲရောင် ဖြစ်ခြင်း၊     ကျောကုန်းမှာ     ငှက်ပျောကိုင်း   သဏ္ဌာန်ဖြစ်ခြင်း၊  အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာ ကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက် ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ် ချက် ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

 


အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက”  မှာ ယခုအသက် ခုနစ်လသား အရွယ်တွင် အရပ်အမြင့် ၃ ပေ ၂ ဒသမ ၅ လက်မ ၊ ကိုယ်လုံးလုံးပတ် ၅ ပေ၊ ကိုယ်အလေးချိန် ၃၈၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူ တော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည် တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မ ကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်း ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊   ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ   ဆက်ဆံတတ်စေရန်    လေ့ကျင့် သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သိရသည်။            
   

သတင်းစဉ်