
ရန်ကုန် အောက်တိုဘာ ၃၁
၂၀၂၂ ခုနှစ်အတွင်း ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲနှင့် (၄)ကြိမ် မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မသန်စွမ်းအားကစားသမား များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင် များ တက်ရောက်ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ စခန်းသွင်းလေ့ကျင့်မည့် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ ပြိုင်ပွဲများသို့ ပြေးခုန်ပြစ်၊ ရေကူး၊ မြားပစ်၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင် ချက်နှင့် ဘိုစီယာ အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း အားကစားလေ့ကျင့်ရေးစခန်းတွင် အုပ်ချုပ်၊ နည်းပြ ၂၃ ဦး၊ မသန်စွမ်းအားကစားသမား ၉၈ ဦး စုစု ပေါင်း ၁၂၁ ဦးအား နိုဝင်ဘာ ၁ ရက်မှစတင်၍ လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး