
နေပြည်တော် ဖေဖော်ဝါရီ ၂၈
၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသည့် ပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ၂၀၂၂ ခုနှစ်အတွင်း ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ပုဂ္ဂိုလ်များကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ပေးအပ်သည့် ထပ်ဆင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း မန္တလေးမြို့ပေါ်ရှိ ရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရ သော ပြည်သူလူထုကို စွမ်းစွမ်း တမံ ကူညီစောင့်ရှောက်ပေးခဲ့ ကြသည့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီတွင် ပါဝင်ဆောင်ရွက် ခဲ့သူများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြရာ ပြည်သူ့ကျန်းမာ ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေ ရှာဖွေ ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဂုဏ်ထူးဆောင်တံဆိပ် ရရှိကြသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါအခမ်းအနားတွင် လူမှု ထူးချွန်ပထမဆင့်ရရှိသူ တစ်ဦး၊ လူမှုထူးချွန် ဒုတိယဆင့်ရရှိသူ တစ်ဦး၊ လူမှုထူးချွန် တတိယဆင့် ရရှိသူ ရှစ်ဦး၊ ရဲဗလတံဆိပ်ရရှိသူ တစ်ဦး စုစုပေါင်း ၁၁ ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ၂၇ ဦး တို့ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်