
ဓနုဖြူ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ် အထက (၁) အခြေခံ ပညာ အထက်တန်းကျောင်း တေဇခန်းမ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရရှိ အောင် သင်ကြားပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုပွဲကို ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်ကျော်တို့က အမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင်တန်းတွင် အောင်မြင် ခဲ့ကြသော သုံးဘာသာဂုဏ်ထူးရှင် ၈၀၊ နှစ်ဘာသာဂုဏ်ထူးရှင် ၈၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၈ ဦးတို့အား ဂုဏ်ပြုဆု များ ချီးမြှင့်ခြင်းနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေး ခဲ့သော ဆရာ ဆရာမ ၁၁၇ ဦး နှင့် အောင်ချက်အကောင်းဆုံး ဆုရကျောင်း ခြောက်ကျောင်း တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ သည်။
မြို့နယ် (ပြန်/ဆက်)