၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် မွန်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြု

 

​မော်လမြိုင်  ဩဂုတ် ၁၇ 


၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ် အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးအသင်း နှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်း အနားကို     ယမန်နေ့က    ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။  

 


ပံ့ပိုးကူညီ


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်းက  မွန်ပြည်နယ်အ​နေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်​ရေးနှင့်   မြန်မာ့အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည် ဖော် ​ ဆောင်ရွက်လျက်ရှိရာ   အားကစားနည်းများ အလိုက်   ပြိုင်ပွဲများ​   ဆောင်ရွက်​ပေးလျက်ရှိ​ပြီး လိုအပ်သည်များကိုလည်း   ပံ့ပိုးကူညီဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ အောင်ပွဲရ အားကစားသမားများ အ​နေဖြင့် ပြည်နယ်ကိုယ်စားပြု အားကစားသမား​ကောင်းများမှသည် နိုင်ငံလက်​ရွေးစင် အားကစား သမားများ​ကောင်းများ ဖြစ်ထွန်းလာ​စေ​ရေး စွမ်းစွမ်း တမံ ကြိုးစားကြ​စေလို​ကြောင်း ​ပြောကြားသည်။

 


ပေးအပ်ချီးမြှင့် 


ဆက်လက်၍ မွန်ပြည်နယ် အသက် (၁၉)  နှစ် အောက်   ဘောလုံးအသင်း    အဖွဲ့ခေါင်းဆောင် ဦးဝင်းခိုင်ထွန်းနှင့် ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ ဒေါ်နွယ်နွယ်ထွေးတို့က  ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး  ပြိုင်ပွဲတွင်  ဒုတိယဆုရရှိခဲ့ကြ သည့်   အားကစားအဖွဲ့များအား  ဂုဏ်ပြုဆုငွေများ ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 


ည​နေပိုင်းတွင် ၂၀၂၂ ခုနှစ် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဖလား ၁၀ မြို့နယ်၊ အသက်  (၁၆) နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ​မော်လမြိုင်မြို့    ​ကျောင်းသားအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်  တက် ရောက် အမှာစကားပြောကြားခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ်​မော်လမြိုင် မြို့နယ်ဘောလုံးအသင်းနှင့် ​ချောင်းဆုံ မြို့နယ် ​ ဘောလုံးအသင်းတို့၏  ယှဉ်ပြိုင်​​နေမှုကို ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။


 ခရိုင်(ပြန်/ဆက်)