၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

 

ရတနာပြပွဲတွင်  ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ရောင်းချပေးသွားမည်

 

နေပြည်တော် အောက်တိုဘာ ၁၉


၂၀၂၂  ခုနှစ်  နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ   ပထမနေ့ကို   ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်ရှိ    မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့်  စည်ကားလျက်ရှိ သည်။ 

 


နံနက်ပိုင်းမှ စတင်၍ ပြည် တွင်း၊ ပြည်ပ ရတနာကုန်သည်များ သည်  ခန်းမအတွင်း   ပြသထား သည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာ   ကြည့်ရှုကြ သည်။ 

 


ထို့နောက် ရတနာကုန်သည် များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်    ပုလဲအတွဲများ၊  ကျောက်မျက်နှင့်   ကျောက်စိမ်း အတွဲများအတွက်       ဈေးနှုန်း တင်သွင်းလွှာများကို    သက်ဆိုင် ရာ     တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ 

 


ရတနာပြပွဲတွင်    ပုလဲအတွဲ ပေါင်း ၄၀၀၊ ကျောက်မျက်အတွဲ ပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၂၁၅၀ တို့ကို ရောင်းချပေး သွားမည်ဖြစ်ကာ  ပုလဲအတွဲများ အတွက် ကြမ်းခင်းဈေးကို အမေရိ ကန်ဒေါ်လာဖြင့်  သတ်မှတ်ထား ရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာ ကုန်သည်များက   အမေရိကန် ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်း၊   ပြည်တွင်း ရတနာကုန်သည်များက ကျပ်ငွေ ဖြင့်လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို   ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက   အမေရိကန် ဒေါ်လာ၊  ယူရို၊  ယွမ်ငွေ၊   ထိုင်း ဘတ်ငွေတို့ဖြင့်   လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များ က    ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်သည်။

 


ထို့ပြင်မဏိရတနာကျောက်စိမ်း ခန်းမအတွင်း၌    ကျောက်မျက် ရတနာနှင့်      လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း   ဖွင့် လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။

 


ယခုပြပွဲကို   အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့်   ပုလဲ အတွဲများကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင်   ရောင်းချသွားမည် ဖြစ်ကြောင်း၊ ကျောက်မျက်အတွဲ များကို  အောက်တိုဘာ ၁၉ ရက် မှ  ၂၁   ရက်အထိ  ခင်းကျင်းပြသ ပြီး   အောက်တိုဘာ   ၂၂   ရက် တွင် ရောင်းချသွားမည်ကြောင်း၊ ကျောက်စိမ်းအတွဲများကို အောက် တိုဘာ   ၁၉  ရက်မှ  ၂၂   ရက် အထိ    ခင်းကျင်းပြသပြီး အောက် တိုဘာ ၂၃  ရက်မှ  ၂၅   ရက်အထိ ရောင်းချသွားမည်     ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်