
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ ဦးစွာ နေပြည်တော် အမှတ်(၂၂) အခြေခံ ပညာ အထက်တန်းကျောင်းမှ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန် ဆရာများ၏ လုပ်ငန်းဆောင်ရွက် ချက်များ အကျဉ်းချုပ်ကို ပညာ ရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းသန်း မြင့်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများ နေ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီး များအား ဂုဏ်ပြုဆုချီးမြှင့် သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထူးချွန်ဆု ရရှိသည့် ဆရာကြီး၊ ဆရာမကြီး များကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ဆရာ ဆရာမများ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများကို လည်းကောင်း ဆုချီးမြှင့်သည်။
ယင်းနောက် နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက် တန်းကျောင်းမှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများက “ပန်းပျိုးသူ” သီချင်းဖြင့် တေး သရုပ်ဖော်တင်ဆက်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးရှိ ညွှန်ကြား ရေးမှူးချုပ်များက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း အုပ်ကြီးများနှင့်အထက် အရာ ထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းဆင့် သင် ဆရာ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းဆင့်နှင့် မူလတန်း ဆင့်သင် ဆရာ ဆရာမများအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်/ ဒီဂရီကောလိပ် / ကောလိပ် /သိပ္ပံအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ တက္ကသိုလ်/ ဒီဂရီကော လိပ်/ ကောလိပ် / သိပ္ပံအဆင့် ကဗျာပြိုင်ပွဲ၊ အခြေခံပညာအထက် တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် အခြေခံပညာ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သည့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာသူများက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်ပြခန်းကို လှည့်လည် ကြည့်ရှုကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်