၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း  ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

 

 

ရန်ကုန်   ဇန်နဝါရီ   ၁၀
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန် စိုက်ဒိုင်း   ပိုက်ကျော်ခြင်းနှင့်   ရိုးရာဝိုင်းဖွဲ့ခြင်းလုံး ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ် စခန်း   မိုးလုံလေလုံအားကစားခန်းမ၌   ကျင်းပရာ တပ်မတော်  (လေ)  မှ  အရာရှိကြီးများ၊   အရာရှိ၊ စစ်သည်၊  မိသားစုများ၊  မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ဗိုလ်ချုပ် လှညွန့် က အဖွင့်အမှာစကား ပြောကြားသည်။ 
ထို့နောက်      တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ    ခြင်းလုံးအဖွဲ့ချုပ်မှ      ခြင်းလုံးအလှပြ ကစားမှုနှင့်      ပြိုင်ပွဲ   ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ 
အဆိုပါ ပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇန်နဝါရီ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
            သတင်းစဉ်