
ဟနွိုင်း ဇန်နဝါရီ ၃၀
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ မှုများနှင့် နိုင်ငံအတွင်း ချမှတ်ထားသော ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အစီအမံ များကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသည် ၁၉၇၀၀ ကျော် ရောက်ရှိလည်ပတ်ခဲ့ ကြောင်း ဗီယက်နမ်နိုင်ငံ ဗဟိုစာရင်းအင်း ရုံးက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ လာရောက်လည်ပတ်သော ခရီးသည်များ၌ လေကြောင်းခရီးဖြင့် လာရောက်သူ ၈၈ ရာခိုင်နှုန်း၊ ကုန်းလမ်း ခရီးမှ လာရောက်သူ ၁၁ ဒသမ ၉ ရာခိုင် နှုန်းနှင့် ရေကြောင်းခရီးမှ လာရောက်သူ သုည ဒသမ ၁ ရာခိုင်နှုန်းရှိပြီး လာရောက် လည်ပတ်သည့် ခရီးသည်အများစုမှာ အာရှနိုင်ငံများမှဖြစ်ကြောင်း အဆိုပါရုံး က ပြောသည်။
ဗီယက်နမ် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ယမန်နှစ် မတ်လမှ စတင်၍ နယ်စပ်ဒေသများကို ပိတ်ပင်ခြင်းနှင့် နိုင်ငံတကာလေကြောင်း လိုင်းများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် ရပ်ဆိုင်းခဲ့သည်။
သို့သော် ယင်းကာလ၌ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာမည့် ဗီယက်နမ် နိုင်ငံသားများ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူ အဆင့်ရှိ လုပ်သားများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများလိုက်နာဆောင်ရွက်စေပြီး အထူးလေယာဉ် များဖြင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ သည်။ နိုင်ငံအတွင်း ယမန်နှစ်နိုဝင်ဘာမှ စတင်၍ နိုင်ငံတကာမှခရီးသည်များ အား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြား စောင့်ကြည့်ခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် ခရီးသွားလာရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။
၂၀၂၁ ခုနှစ်က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံခြားသား ခရီးသည် ၁ ၅၇၃၀၀ သာ လာရောက်ခဲ့ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ