၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ဗီယက်နမ်သို့လာရောက်သူ နိုင်ငံတကာခရီးသည်အရေအတွက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာ

နေပြည်တော်   ဇန်နဝါရီ   ၃၀


ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ပြီး စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ကျင်းပသည့် လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့ကို ဆက်လက်ကျင်းပလျက်ရှိရာ ပြသထားသည့်ပြခန်းပေါင်း ၄၀ ကျော်ကို နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူလူငယ်များ လာရောက်လေ့လာလျက်ရှိသည်။

အဆိုပါ လူငယ်နှင့်စာပေပွဲတော် တွင်   ခင်းကျင်းပြသထားသည့် ပြခန်းများသို့      စိတ်ဝင်တစား လာရောက်    ကြည့်ရှုလေ့လာသူ များဖြင့် ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိရာ လာရောက်လေ့လာသူ အချို့၏  အမြင်များအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြ အပ်ပါသည်။


မအိမ့်မှူးကျော်သူ
Grade-9 ၊ အထက(ဇေယျာသီရိ)၊ နေပြည်တော်


လူငယ်နဲ့ စာပေပွဲတော်ကိုလာရ တာ    ပျော်ဖို့လည်းကောင်းသလို ဗဟုသုတ     အစုံလည်းရတယ်။ သိပ္ပံပညာနဲ့ဆိုင်တဲ့  အကြောင်း အရာတွေ၊ လေကြောင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေနဲ့   သမီး စိတ်ဝင်စားတဲ့ ပန်းချီတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။  ဒီပြခန်း တွေထဲက စိတ်ဝင်စားဖို့အကောင်း ဆုံးကတော့    ပန်းချီပြခန်းပါ၊ ငယ်ငယ်တုန်းကတည်းက ဖြစ်ချင် တာကတော့    လေယာဉ်မယ်ပါ။ ဒါကြောင့်မို့ လေကြောင်းပညာနဲ့ ပတ်သက်တာကိုလည်း လေ့လာ ဖြစ်တယ်။ ခုတလောမှာကျတော့ ပန်းချီနဲ့ပတ်သက်ပြီးတော့ ပိုပြီး စိတ်ဝင်စားလာတယ်။    ပန်းချီ ပညာရှင်ဖြစ်ချင်လာတယ်။ ဒီမှာ မြင်တွေ့ခဲ့ရတဲ့   ပန်းချီဆရာကြီး တွေရဲ့  လက်ရာတွေကို  ကြည့်ရှု လေ့လာခွင့်ရတဲ့အချိန်မှာ ပန်းချီ ဆရာကြီးတွေအနေနဲ့    ဒီပန်းချီ ကားတွေကို    ဘယ်လိုစိတ်ကူး စိတ်သန်းတွေနဲ့  ဆွဲခဲ့လဲဆိုတာ ကိုပါ သိချင်စိတ်တွေ ဖြစ်ပေါ်လာ ပါတယ်။ ဒီလိုမျိုးအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် နိုင်ငံတော် အနေနဲ့ အများကြီးငွေကြေးကုန် ကျမှာပါ၊ အဲဒီလို ကုန်ကျမှုတွေကို ကုန်ရကျိုးနပ်အောင် ဒီကိုလာပြီး မလေ့လာရသေးတဲ့   သူငယ်ချင်း တွေ၊   လူငယ်တွေအနေနဲ့လည်း ဒီကိုလာပြီး လေ့လာကြဖို့ ဖိတ်ခေါ် ချင်ပါတယ်။ 


မခင်စုခိုင်(အလက(၁)၊ 
Grade-6 ၊ နေပြည်တော်)


သမီးက လူငယ်နဲ့စာပေပွဲတော် မှာ စာအုပ်အရောင်းဆိုင်တွေနဲ့ ပြခန်းတွေထဲက စာအုပ်စာစောင် တွေကို အဓိကလေ့လာခဲ့ပါတယ်။ ကျောင်းမှာ  သမီးတို့  ဆရာမက စာအုပ်စာပေတွေကို သေချာဂရု စိုက်ပြီးလေ့လာရင်   တိုင်းပြည် အတွက်       လူချွန်လူကောင်း တစ်ယောက်အနေနဲ့    တာဝန် ထမ်းဆောင်နိုင်မယ်လို့  ပြောပါ တယ်။ ဒီကပြခန်းတွေမှာလည်း ကိုယ်သိချင်တာတွေ၊ စိတ်ဝင်စား တဲ့အရာတွေကို မေးလို့လည်းရ တယ်။ အဲဒီအတွက် ဗဟုသုတတွေ လည်းရတယ်၊   သူငယ်ချင်းတွေနဲ့ အတူလာရလို့     ပျော်ဖို့လည်း ကောင်းပါတယ်။ သမီးက ကျောင်း မှာလည်း   သိပ္ပံနဲ့  အင်္ဂလိပ်စာကို အဓိကစိတ်ဝင်စားတယ်။ ဒါကြောင့် သိပ္ပံပြခန်းမှာ     သေချာလေး လေ့လာဖြစ်ပါတယ်။     သမီး ကြီးလာတဲ့အခါကျရင်လည်း ဆရာဝန်ကြီးလုပ်ပြီး   လူတွေကို ကယ်တင်ချင်ပါတယ်။ 


ကိုမျိုးအောင်ကျော် 
နည်းပညာတက္ကသိုလ်(ပထမနှစ်)


လူငယ်နှင့်   စာပေပွဲတော်မှာ နည်းပညာ ဂဟေဆက်နဲ့ပတ်သက် တာတွေ၊ ဝရိန်နဲ့ပတ်သက်တာတွေ ကို လာရောက်ပြသပေးတာ ဖြစ်ပါ တယ်။      ဝရိန်ဆော်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေနဲ့ နည်းပညာတက္ကသိုလ် ကိုတက်ပြီး အင်ဂျင်နီယာလုပ်မယ့် လူငယ်တွေအတွက် အကျိုးပြုစေ မယ့်  3D နဲ့ ဝရိန်ဆက်နည်းတွေ ပြသ‌ပေးပါတယ်။ ဝရိန်ဆက်နည်း ကို စတင်သင်ကြားသူတွေအတွက် မျက်လုံးထိခိုက်မှုတွေ သက်သာ စေဖို့ တီဗွီမှာ 3D နဲ့ လေ့ကျင့်ပေး ပါတယ်။ လူငယ်တွေကို လေ့ကျင့် ပေးတဲ့အခါ အမှတ် ၉၀ ကျော်ရင် ဆုပေးပါတယ်။  ကျွမ်းကျင်အဆင့် ရောက်မှ   အမှတ်  ၉၀  ကျော်ပါ တယ်။  အဲဒီလိုအဆင့်ရောက်တဲ့ သူတွေဟာ လုပ်ငန်းခွင်မှာ ဝရိန် ဆော်လုပ်သားအနေနဲ့    အလုပ် လုပ်နိုင်ပါပြီ။  လူငယ်နှင့် စာပေ ပွဲတော်ကို   လာရောက်လေ့လာ ကြတဲ့ လူငယ်တော်တော်များများ က  တီဗွီ  3D  မျက်မှန်နဲ့ ဝရိန် ဆော်နည်းကို     စိတ်ဝင်တစား လက်တွေ့       လေ့ကျင့်တဲ့သူတွေ ရှိသလို  လေ့လာမေးမြန်းသူတွေ လည်း   အများအပြားရှိပါတယ်။ အဲဒီအတွက်     လူငယ်နှင့် စာပေ ပွဲတော်ကို လာရောက်ပြသပေးရ တာ ကျွန်တော်တို့အတွက်လည်းများစွာဝမ်းသာပီတိဖြစ်မိပါတယ်။ လူငယ်တွေအနေနဲ့လည်း   ဒီပွဲ ကနေ   အတွေးသစ်၊  အမြင်သစ်နဲ့ ဘဝတက်လမ်းတွေမှာ အထောက် အကူဖြစ်စေမယ်လို့ ယုံကြည်ပါ တယ်။


ဦးနောင်(ဇေယျာသီရိမြို့နယ်)


ကျွန်တော့်ရဲ့သားက လူငယ်နှင့် စာပေပွဲတော်ကို  လာချင်တယ် ပြောလို့ လိုက်ပို့ပေးတာပါ။ ဖွင့်ပွဲ နေ့ကလည်း လာရောက်လေ့လာ ပါတယ်။ ပြခန်းတွေလည်းစုံလင်ပါ တယ်။   နောက်ထပ်  ဒီလိုပွဲတွေ ကျင်းပပေးမယ်ဆိုရင် အနုပညာ ပြခန်းတွေလည်း ထည့်သွင်းပြသ ပေးစေချင်ပါတယ်။ လူငယ်လူရွယ် တွေအတွက်     ဒီလိုပွဲတွေမှာ တက်ရောက်ခွင့်ရတဲ့အခါ ငယ်ငယ် ကတည်းက  အခြေခံ  သိသင့် သိထိုက်တာတွေကို သိရှိနားလည် သွားမှာပါ။ အခုလို လူငယ်နှင့် စာပေ ပွဲတော်မှာ ပြခန်းတွေ စုံစုံလင်လင်  ခင်းကျင်းပြသထားတဲ့  အတွက်     ကလေးတွေအနေနဲ့ ဝါသနာပါရာ ကို စူးစမ်းလေ့လာခွင့်ရတာကြောင့် မိဘတစ်ဦးအနေနဲ့ လူငယ်နှင့် စာပေပွဲတော် ကျင်းပပေးတဲ့  ဌာန ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူး အထူးတင်ရှိပါတယ်။ နောက်လည်း အခုလိုပွဲတွေ   များများကျင်းပ ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။


ကိုရှိုင်းဇာနည်ထွန်း
(သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန၊   လက်ထောက် ညွှန်ကြားရေးမှူး)


ရုံးပိတ်ရက်     ဖြစ်တာကြောင့် မိသားစုနဲ့အတူ     လာရောက် လေ့လာတာပါ။ ပြခန်းတွေမှာပြသ ထားတာတွေက    လူငယ်တွေ အတွက်သာမကဘဲ လူကြီးတွေ အတွက်ပါ ဗဟုသုတရစေပါတယ်။ အခုလို လူငယ်နှင့်စာပေပွဲတော် မှာ    ပြသထားတဲ့   ပြခန်းတွေက အနာဂတ်မျိုးဆက်သစ်   လူငယ် တွေအတွက်  များစွာတန်ဖိုးရှိပါ တယ်။     ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကပြခန်းတွေဆိုရင်     လူငယ်တွေ တီထွင်     ဆန်းသစ်မှုတွေကို ဖော်ဆောင်ပေးတဲ့အရာလို့ မြင်ပါ တယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုကို    တည်ဆောက်ဖို့ ဆိုရင်   လူငယ်တွေရဲ့စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဆန်းသစ် တီထွင်လိုတဲ့အတွေးတွေ   ရှိဖို့လို အပ်ပါတယ်။ အဲဒီလို အတွေးအခေါ် တွေကို  အခုလိုပွဲတော်တွေဆီက များစွာရရှိပါတယ်။ အဲဒါကြောင့်  (၇၅)နှစ်မြောက်       စိန်ရတု ပြည်ထောင်စုနေ့အကြို လူငယ်နှင့် စာပေပွဲတော်ကို အရွယ်သုံးပါး မရွေး    လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ 


မမိုးပြည့်ပြည့်နိုင်
Grade(9)၊ အထက(၅)ပျဉ်းမနား


သမီးကတော့ အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေပွဲတော်မှာ ဖျော်ဖြေ ရေးကဏ္ဍကနေ  ပါဝင်ခွင့်ရရှိခဲ့ပါ တယ်။ အခုလိုစာပေပွဲတော်တွေ ဖြစ်မြောက်အောင် ကျင်းပပေးတဲ့ အတွက် တာဝန်ရှိသူတွေအားလုံး ကို ကျေးဇူးတင်ပါတယ်။ အခုလို ပွဲတော်    ပြုလုပ်ပေးတဲ့အတွက် လူငယ်တွေ     စာပေဖတ်ရှုတာ ဝါသနာပါပြီး အသိပညာဗဟုသုတ တွေ     ကြွယ်ဝလာလိမ့်မယ်လို့ ထင်ပါတယ်။    သမီးတို့အနေနဲ့ ကြိုးစားပြီး ကပြခွင့်ရရှိတာရယ်၊ ပြီးတော့ အခုပွဲတော်မှာ ပါဝင်ခွင့် ရရှိတဲ့အတွက် ပျော်လည်းပျော်ပါ တယ်။ ဂုဏ်လည်းယူပါတယ်။ 


မပန်းမြတ်သီတာအောင်
Grade(10)၊ အထက(၅)ပျဉ်းမနား


သမီးက လူငယ်နဲ့ စာပေပွဲတော် ဖွင့်ပွဲနေ့ကတည်းက  လာရောက် ဖျော်ဖြေပေးရတာပါ။ ဖွင့်ပွဲနေ့က မနက် ၆ နာရီလာပြီး ညနေ ၃ နာရီ လောက်အထိ   ဖျော်ဖြေပေးရပါ တယ်။    သမီးကတော့   ရခိုင် တိုင်းရင်းသားရိုးရာဝတ်စုံ  ဝတ်ပြီး ဖျော်ဖြေရေးမှာ ပါဝင်ခွင့်ရရှိခဲ့တာ ပါ။  ရခိုင်နဲ့ပတ်သက်ပြီး  ရခိုင်ရဲ့ ဝတ်စားဆင်ယင်မှုကို ချစ်မြတ်နိုး ပြီး ရခိုင်ရဲ့ဆံထုံးနဲ့ ရခိုင်တွေပန်တဲ့ ပန်းလေးတွေကို  သဘောကျလို့ ရခိုင်တိုင်းရင်းသားရိုးရာဝတ်စုံကို  ရွေးချယ်ခဲ့တာဖြစ်ပါတယ်။  ဒီလို လူငယ်နှင့်  စာပေပွဲတော်ကျင်းပ ပေးတဲ့အတွက်     လူငယ်တွေ အတွက်လည်း အများကြီး အကျိုး ရှိပါတယ်။ အခုခေတ်က ဖုန်းတွေပဲ အသုံးများတော့   အင်တာနက် ကနေ   ဂိမ်းတွေပဲဆော့တယ်။ စာဘက်မှာ အားနည်းပြီး စာဖတ် တာနည်းလာတယ်။ ဒါကြောင့် ဒီလိုမျိုး စာပေပွဲတော်လုပ်ပေးတဲ့ အတွက်     တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ လက်တွေ့ စမ်းသပ်ခန်းတွေမှာ စမ်းသပ်ခွင့် ရတဲ့အတွက် အများကြီး ဝမ်းသာမိ ပါတယ်။ လူငယ်နှင့် စာပေပွဲတော် တွေကို နောက်နောင်တွေမှာလည်း ဆက်ပြီး လုပ်ပေးစေချင်ပါတယ်။ အခုဒီပွဲတော်မှာ ဖျော်ဖြေရတာက တော့ ဆုန်သင်းပါရ်သီဆိုထားတဲ့  “ပြည်ထောင်စု ထာဝရရဲ့အလင်း တန်း”သီချင်းနဲ့    ဖျော်ဖြေရတာ ဖြစ်ပါတယ်။     ။
 

တွေ့ဆုံမေးမြန်း - ဟိန်းဇင်နိုင်ဖြိုး
ဓာတ်ပုံ - ဟိန်းထက်ဇော်၊ ဇင်ဦး၊ နိုင်လင်းကြည်