၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အခွန်ပမာဏ စုစုပေါင်း ကျပ် ၅၆ ဒသမ ၄၂၄ ဘီလီယံ အခွန်ကင်းလွတ်ခွင့် ပြုပေးခဲ့

 

နေပြည်တော်   ဇွန်   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး ဦးတည်ချက် ၃ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်  အစိုးရအသုံးစရိတ်များသုံးစွဲရာတွင်   အခွန်အကောက်ရငွေများဖြင့် အဓိက သုံးစွဲရပါသည်။ သို့ဖြစ်ရာ ရသင့်ရထိုက်သည့်အခွန်အကောက်ရငွေများ တိုးမြင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့   တစ်ဖက်တွင်လည်း  နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကိုရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့်နှင့် အခွန်လျှော့ပေါ့ခွင့်တို့ကိုလည်း စိစစ်ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိသည်။  

  ၂၀၂၂ ခုနှစ်  ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခဲ့သည့်စာရင်းမှာ  အောက်ပါအတိုင်းဖြစ်သည် -