၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍  သွင်းကုန်လိုင်စင်နှင့်ပတ်သက်သည့် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ် ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်မည့်    တာဝန်ခံများ    တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေး နှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ် ရေးဦးစီးဌာနအနေဖြင့် (၆)လ တစ်ခါအလှည့်ကျ တာဝန်ထမ်းဆောင်ခြင်းဖြစ်၍ အတွေ့အကြုံရှိသည့် အရာထမ်းများကို စေလွှတ်ထားခြင်းဖြစ်ကြောင်း၊ ယခုကာလသည်  ကိုဗစ်-၁၉  ရောဂါကူးစက်မှုနှုန်း လျော့နည်းနေသော်လည်း    ကျန်းမာရေးကိစ္စကို အထူးသတိထားရန်လိုကြောင်း၊ မိမိသွားရောက်ရ မည့်စခန်း၏   နယ်မြေလုံခြုံရေးကိစ္စများမှာလည်း အထူးအရေးကြီးပါကြောင်း၊    မိမိစခန်းအတွင်း ထူးခြားဖြစ်စဉ်များရှိပါက    အချိန်နှင့်တစ်ပြေးညီ အထက်သို့တင်ပြရန်လိုကြောင်း၊ ကုန်သွယ်ရေးစခန်း၊ ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက်ထမ်းဆောင် မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိဌာန၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ပြောင်းလဲဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား သိရှိနားလည်သဘော ပေါက်အောင်       လေ့လာထားရန်လိုအပ်ကြောင်း၊ တွေ့ကြုံရသည့်အခက်အခဲများကို အထက်အကြီး အကဲများသို့ တင်ပြရန်လိုကြောင်း၊ OSS တွင် ပါဝင် သည့်ဌာနများနှင့် စုပေါင်းဆောင်ရွက်ရမည့် ကိစ္စများ ကို အပြန်အလှန်သတင်းပေးပို့ စုပေါင်းဆောင်ရွက် ကြရန် လိုကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့်ပတ်သက် သည့် ပြောင်းလဲထားရှိမှုများကို အကောက်ခွန်ဦးစီး ဌာနနှင့်     ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ကုန်သည်များဘက်မှလည်း နစ်နာမှုများ မရှိရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ပို့ကုန် သွင်းကုန်လိုင်စင်များနှင့်ပတ်သက်၍လည်း နောက်ဆုံး ပြောင်းလဲထားသည့်   မူဝါဒများအတိုင်း  မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်မှချမှတ်ထားသည့် ကုန်သွယ်မှုပမာဏ ပြည့်မီကျော်လွန်စေရေး အထူးအလေးထားဆောင် ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်