
နေပြည်တော် စက်တင်ဘာ ၁
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးရွာသွန်းနိုင်မှုအခြေအနေ
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၇၀ ဒီဂရီဖာရင် ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်းနှင့် တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈၁ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက် အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် ၉၁ ဒီဂရီဖာရင်ဟိုက်မှ ၉၈ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်တွင် ၅၆ ဒီဂရီဖာရင်ဟိုက်ခန့်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ၆၀ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇၁ ဒီဂရီဖာရင် ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
လေထုစိုထိုင်းဆအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရှမ်းပြည် နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈၆ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ် တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ၁၇ မီလီမီတာမှ ၂၇ မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် ၂၈ မီလီမီတာမှ ၃၈ မီလီ မီတာအတွင်း ရှိနိုင်ပါသည်။
မြေဆီလွှာအောင်းရေအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ) အခြေ အနေနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (ခြောက်သွေ့) အခြေအနေ ရှိနိုင်ပါသည်။
မိုး/ဇလ