၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း သုံးသပ်

 

နေပြည်တော်   နိုဝင်ဘာ   ၁


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန   မိုးလေဝသနှင့်  ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနသည်  အရှေ့     အာရှအက်စစ်ဖြစ်ထွန်း မှု       စောင့်ကြည့်တိုင်းတာရေး ကွန်ရက်    (Acid     Deposition Monitoring  Network  in  East Asia- EANET)  အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင် ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၏ မြို့ကြီး  ၄၁ မြို့ရှိ မိုးလေဝသ နှင့် ဇလဗေဒရုံး၊   စခန်း  ၄၁ ခု (ပုံ-၁)   တွင်   ရွာသွန်းသောမိုးရေ များကို စုဆောင်းကာ   မိုးရေတွင်   အက်စစ်ဖြစ်ထွန်းမှု   အခြေအနေ ကိုသိရှိရန်  မိုးရေ၏ pH တန်ဖိုး များ  တိုင်းတာခြင်းလုပ်ငန်းများ ကို      လစဉ်ဆောင်ရွက်လျက်ရှိ သည်။ 

 


၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း အဆိုပါရုံး၊  စခန်း ၄၁   စခန်း၌ မိုးရွာသွန်းမှုရှိခဲ့၍ မိုးရေ နမူနာများရယူကာ   pH  တန်ဖိုး များကို         တိုင်းတာခဲ့သည်။ တိုင်းတာရရှိခဲ့သည့်   ၃၈   စခန်း အနက် ၃၁ စခန်းတို့တွင်  ရွာသွန်း ခဲ့သော မိုးရေများ၏  pH တန်ဖိုး များသည်    ကမ္ဘာ့ကျန်းမာရေး အဖွဲ့   (WHO)   မှ  စံသတ်မှတ် ထားသည့်  သောက်သုံးရေအတွက် pH   တန်ဖိုးနှင့်    ကျန်းမာရေး ဝန်ကြီးဌာနမှ  စံသတ်မှတ်ထား သည့် သောက်သုံးရေအတွက်  pH တန်ဖိုး  (6.5 – 8.5) အတွင်းတွင် ရှိပြီး ဗန်းမော်၊ ကသာ၊  ပြင်ဦးလွင်၊  ကလေးဝ၊  သံတွဲ၊  ဟင်္သာတနှင့်  ထားဝယ်စခန်းများတွင်  ရွာသွန်း ခဲ့သော မိုးရေများ၏  pH တန်ဖိုး များသည် (5.6 – 6.4) အတွင်းတွင်  ရှိပါသဖြင့်  ပုံမှန်မိုးရေအဆင့်တွင်  ရှိသည်။  

 


မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက် ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် အောက် တိုဘာလအတွင်း    ရွာသွန်းခဲ့သော     မိုးရေများတွင် အက်စစ်ဖြစ်ထွန်း မှုအခြေအနေမရှိကြောင်း သုံးသပ် ရပါသည်။  

 

(ပုံ-၂)           မိုး/ဇလ