၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် အောက်တိုဘာ   ၁၄


အရှေ့ပိုင်းတိုင်း    စစ်ဌာနချုပ်၏    ၂၀၂၂ - ၂၀၂၃      ပညာသင်နှစ်တွင် တက်ရောက်    ပညာသင်ကြား လျက်ရှိသည့်    ကျောင်းသား ကျောင်းသူများအား    ကျောင်း ဝတ်စုံနှင့်   စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌       ပြုလုပ်ရာ   ဒုတိယတိုင်းမှူး    ဗိုလ်မှူးချုပ်  ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား ကျောင်းသူများ   တက်ရောက်ကြ သည်။

 


အမှာစကားပြောကြား


ဦးစွာ    ဒုတိယတိုင်းမှူးက အမှာစကား      ပြောကြားသည်။ ထို့နောက်   ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာ    သင်ကြားလျက်ရှိသည့် ကျောင်းသား  ကျောင်းသူ  ၁၆၂၂ ဦးအတွက်   ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

 


ထောက်ပံ့ပေးအပ်


အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ    တပ်နယ် အသီးသီးမှ   တာဝန်ရှိသူများက လည်း ကျောင်းသား ကျောင်းသူ များအား      ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း    သတင်းရရှိ သည်။                    

သတင်းစဉ်