နေပြည်တော် မေ ၃၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ် အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက် အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံ မှုလက်ခံခြင်းများကို ဆောင်ရွက် လျက်ရှိရာ ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ ယနေ့အထိ ၆ ရက်အတွင်း တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်း များ၌ ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူ ၅၂၆၄၉၄၆ ဦး ရှိကြောင်း အခြေခံ ပညာဦးစီးဌာနမှ သိရသည်။
ယနေ့တွင်လည်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများ နှင့် ဆရာ ဆရာမများက ကျောင်း လာရောက်အပ်နှံသူ မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ ပေးအပ်သည့် စာရေးကိရိယာများ နှင့် ကျောင်းသုံးစာအုပ်များကို လည်း တစ်ပါတည်း ထောက်ပံ့ ပေးအပ်ကြသည်။
ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင် ရွက်သည့် ဆရာ ဆရာမများ၊ လာရောက် ကျောင်းအပ်နှံကြ သည့် ကျောင်းသား ကျောင်းသူ များနှင့် မိဘများ၏ လုံခြုံရေး အတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြ ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ သတင်းစဉ်



