
ရန်ကုန် မတ် ၈
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနတို့၌ စတင်ကျင်းပ လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အတွင်း စာစစ်ဌာနတို့၌ ဖြေဆို လျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို ပါမောက္ခချုပ် များ၊ တိုင်းဒေသကြီးပညာရေး မှူးနှင့် တာဝန်ရှိသူတို့က လိုက်လံ ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ရန်ကုန် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်ပါမောက္ခချုပ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခ ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူတို့သည် စမ်းချောင်း မြို့နယ် အမှတ်(၂) အထက်တန်း ကျောင်း၊ ကမာရွတ်မြို့နယ် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၊ ဗဟန်းမြို့နယ် အမှတ် (၁) အထက်တန်းကျောင်း၊ ကျောက် တံတားမြို့နယ် အထက်တန်း ကျောင်း၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အထက်တန်းကျောင်း နှင့် စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို နေမှုကို ကြည့်ရှုအားပေးကြ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၈၃ ခု၌ ကျောင်းသား ကျောင်းသူ ၂၆၈၁၄ ဦး စာရင်းပေး သွင်းထားရာ အမြင်အာရုံ မသန် စွမ်းသူ ခုနစ်ဦး၊ ကိုယ်အင်္ဂါမသန် စွမ်းသူ ရှစ်ဦး၊ ဆေးရုံ တက်ရောက် ဖြေဆိုသူ လေးဦး၊ အကျဉ်းဦးစီး ဌာနမှ ၁၀ ဦးအပါအဝင် စုစုပေါင်း ၂၃၈၀၇ ဦး မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုကြပြီး တိုင်း ဒေသကြီးအတွင်း၌ စိတ်ကြိုက် မြန်မာစာဘာသာရပ်ကို ကျောင်းသူ တစ်ဦးတည်း ဖြေဆိုခဲ့ကြောင်း သိရသည်။
စောင့်ကြပ်ကြည့်ရှု
ကျောင်းသား ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် ကျောင်းပြင်ပတို့တွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင် များ၊ ကျန်းမာရေးဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ် ကြည့်ရှုပေးလျက် ရှိသည်။
စာရင်းပေးသွင်းထား
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ စာစစ်ဌာနပေါင်း ၈၆၃ ဌာနတို့၌ ကျောင်းသား ကျောင်းသူ ၁၇၉၈၄၃ ဦး ဖြေဆို ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊
ဓာတ်ပုံ - ကနူး