
နေပြည်တော် ဖေဖော်ဝါရီ ၂၄
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များ ကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ သတ် မှတ်ထားသည့် လေ့ကျင့်ရေးကွင်း များ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။
အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ် များကို ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ဇုန်အသင်းက မန္တလေး ဇုန်အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တောင်ကြီးဇုန် အသင်းနှင့် မကွေးဇုန်အသင်းတို့ သည် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျသည်။
ယနေ့ကစားခဲ့သည့် အုပ်စု (ခ)၏ အုပ်စုပတ်လည်ပြိုင်ပွဲအပြီး တွင် ရမှတ်များအရ မော်လမြိုင် ဇုန်အသင်းက အုပ်စုပထမဖြင့် လည်းကောင်း၊ မကွေးဇုန်အသင်း က အုပ်စု ဒုတိယဖြင့်လည်းကောင်း ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက် သွားကြသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(က)တွင် ရန်ကုန်ဇုန်အသင်းက အုပ်စုပထမ၊ ပုသိမ်ဇုန်အသင်းက အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် သို့ တက်ရောက်ခဲ့ပြီးဖြစ်ရာ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန် အသင်း၊ ညနေပိုင်းတွင် မော်လမြိုင် ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်း တို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ၌ ယှဉ်ပြိုင်ကစားကြရမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်