(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေး

 

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ (အမျိုးသား) 
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ 
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၂


(၂၀၂၂-၂၀၂၃)  ပညာသင်နှစ်    ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲ   (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌    ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်း    တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊      ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊    ဒုတိယဝန်ကြီးများ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များ    တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြ သူများသည်  (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ  ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် မိတ္ထီလာပညာရေး ဒီဂရီကောလိပ် အသင်းနှင့်  ဘားအံပညာရေးဒီဂရီကောလိပ်အသင်း တို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။ 

 


အဆိုပါပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာ ကြသည့်  အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့် တစ်ဖက်  အပြန်အလှန်အကြိတ်အနယ်  ဖိအားပေး ယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၁၃ မိနစ်တွင် ဘားအံ ပညာရေးဒီဂရီကောလိပ်အသင်းမှ ကျောနံပါတ်(၇) က  အဖွင့်ဦးဆောင်ဂိုးကို    လှပစွာသွင်းယူရရှိခဲ့ပြီး ပွဲကို  ဦးဆောင်နိုင်ခဲ့သော်လည်း မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းက ပွဲကစားချိန် ၄၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့်   ချေပဂိုး  ပြန်လည်သွင်းယူ ခဲ့ပြီး ပထမပိုင်းပွဲကစားချိန် ပြီးဆုံးခဲ့သည်။

 


သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ


ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ  ပွဲကစားချိန်  မိနစ် ၆၀ တွင် ဘားအံ ပညာရေးဒီဂရီကောလိပ်အသင်းက    အလွတ်တည် ကန်ဘောမှတစ်ဆင့် ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင် ခဲ့သော်လည်း   မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းက  ပွဲချိန် ၇၂ မိနစ်တွင် ချေပဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး    ပွဲကစားချိန်  မိနစ် ၉၀ တွင်  ဘားအံ ပညာရေးဒီဂရီကောလိပ်အသင်းက တတိယအနိုင်ဂိုး သွင်းယူခဲ့သဖြင့်    ဘားအံပညာရေးဒီဂရီကောလိပ် အသင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်း ကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 


ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော်က အကောင်းဆုံးဂိုးသမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ဂိုးသမား   စောလူမင်းအောင်ကို   လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်         ဦးခွန်စံလွင် က  အကောင်းဆုံးနောက်တန်းအားကစားသမားဆု ရရှိ သည့်     မကွေးပညာရေးဒီဂရီကောလိပ်အသင်းမှ မျိုးလင်းအောင်ကို  လည်းကောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိ သည့်    ဘားအံပညာရေးဒီဂရီကောလိပ်အသင်းမှ ရဲသွေးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်ကိုက အကောင်းဆုံးရှေ့တန်း အားကစားသမားဆုရရှိသည့်    မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းမှ ချိုတူးကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် က   ပွဲစဉ်တစ်လျှောက်   အကောင်းဆုံးအားကစား သမားဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းမှ စောတူးတူးဘီကို လည်းကောင်းတစ်ဦးချင်း အကောင်းဆုံး    ဆုတံဆိပ်နှင့်    ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 


ဆက်လက်၍        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပိုးရယ်အောင်သိန်းက တတိယဆုရရှိ သည့်   မကွေးပညာရေးဒီဂရီကောလိပ်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒုတိယဆုရရှိသည့် မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်အသင်းကို လည်း ကောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းကို လည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 


တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက  ပထမဆုရရှိသည့် ဘားအံပညာရေး ဒီဂရီကောလိပ်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် အားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ 

 


(၂၀၂၂-၂၀၂၃)  ပညာသင်နှစ်   ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ  ဘောလုံးပြိုင်ပွဲကို   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ် အနက်မှ လူမှုရေးဦးတည်ချက်ဖြစ်သော တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို  အပြည့်အဝအထောက်အကူဖြစ်စေရန်၊ အားကစား ပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမား များမှသည်   နိုင်ငံတော်အတွက်   အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာ စေရန်   ရည်ရွယ်၍    ကျင်းပခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ပေါင်းစုံ  ဘောလုံးပြိုင်ပွဲ  (အမျိုးသား)ဗိုလ်လုပွဲကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင်   နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရန်ရှိကြောင်းလည်း သတင်းရရှိသည်။ 

သတင်းစဉ်