၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁


၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့်   ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ  အားကစားပြိုင်ပွဲများကို  ယနေ့ တွင်      သက်ဆိုင်ရာ   အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့် အားကစား ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

 


ယနေ့ နံနက်ပိုင်းတွင်   ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် တို့သည် တာဝန်ရှိသူများနှင့်အတူ  ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ ပြုလုပ်သည့်  ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

 


ယနေ့တွင် အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး  မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲနှင့်   အမျိုးသား အမြင့်ခုန်ပြိုင်ပွဲ များကိုကျင်းပရာ   အမျိုးသား မီတာ ၁၅၀၀ အပြေး ပြိုင်ပွဲ တွင်  မောင်ခန့်ဇင်ကိုကို  (သင်္ကန်းကျွန်း-EDC)က ပထမ၊  ခွန်ရန်နိုင်ထွန်း (တောင်ကြီး- EDC)က ဒုတိယ၊ စိုင်းသီဟစိုး  (ဘားအံ-EDC)  က  တတိယ ရရှိကြပြီး  အမျိုးသမီး မီတာ၁၅၀၀ အပြေးပြိုင်ပွဲတွင် နန်းစုထွေး(စစ်ကိုင်း- EDC)က ပထမ၊ မခိုင်စံပါယ် ဦး(တောင်ကြီး-EDC)  က   ဒုတိယ၊    မအေးမြင့်ဦး (ဟားခါး-EDC)က တတိယရရှိကြသည်။  

 


ထို့အတူ  အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စောတူးတူးဘီ (ဘားအံ-EDC)က ပထမ၊ မောင်ကျော် မြတ်သူ(တောင်ကြီး-EDC)က  ဒုတိယ၊ မောင်သန့်ဇင် ထွန်း   (မိတ္ထီလာ-EDC)   က   တတိယရရှိကြပြီး အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မဆုပြည့်ဦး (ထားဝယ်-EDC)  က  ပထမ၊   မဆုနံ့သာအောင် (ဘားအံ-EDC)က  ဒုတိယ၊  မဆုပိုပိုကျော် (ပုသိမ်-EDC) က တတိယ ရရှိကြသည်။

 


အလားတူ   အမျိုးသား   သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး (ဘားအံ - EDC)  က    ပထမ၊ မောင်ပြည့်စုံဖြိုး     (မိတ္ထီလာ - EDC)   က    ဒုတိယ၊ မောင်အောင်ကျော်ဇော(မြောင်းမြ-EDC)က တတိယ ရရှိကြပြီး    အမျိုးသမီး  သံပြားပစ်ပြိုင်ပွဲတွင်  မသီသီ ဟန် (မကွေး-EDC)က ပထမ၊ မနန်းမွေဖောင်(လားရှိုး-EDC) က ဒုတိယ၊ မယွန်းစန္ဒီ(တောင်ကြီး-EDC)က တတိယရရှိကြသည်။

 


အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင်  မောင်ချမ်းသာ လှိုင်(မုံရွာ-EDC)က ပထမ၊ မောင်ဂျွန်စော  (မိတ္ထီလာ-EDC)က ဒုတိယ၊ မောင်နိုင်ဇင်လတ်(ရန်ကင်း-EDC)က တတိယရရှိကြသည်။

 


ပြိုင်ပွဲများအပြီးတွင်     ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တို့က    ဆုရရှိသည့်    အားကစားမောင်မယ်များကို ဆုများချီးမြှင့်ပေးအပ်ကြသည်။ 
ထို့အတူ   ဒုတိယဝန်ကြီးများသည် တာဝန်ရှိသူ များနှင့်အတူ  ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည့်   အမျိုးသားပိုက်ကျော်ခြင်း တတိယ နေရာလုပွဲနှင့်  ဗိုလ်လုပွဲ  ပွဲစဉ်များကို   လာရောက် ကြည့်ရှုအားပေးကြသည်။

 


အဆိုပါပွဲစဉ်တွင်  မုံရွာပညာရေးဒီဂရီကောလိပ် အသင်းက မန္တလေးပညာရေးဒီဂရီကောလိပ်အသင်း ကို   နှစ်ပွဲ - တစ်ပွဲဖြင့်   အနိုင်ရရှိကာ   တတိယရရှိပြီး ရန်ကင်းပညာရေး ဒီဂရီကောလိပ်က တောင်ငူပညာရေး ဒီဂရီကောလိပ်အသင်းကို  နှစ်ပွဲ - တစ်ပွဲဖြင့်  အနိုင်ရ ဗိုလ်စွဲ၍ ပထမဆုရရှိသည်။

 


ပြိုင်ပွဲအပြီးတွင်  အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦး၊ ဆရာအတတ်ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်တို့က ဆုရရှိ ကြသည့် အသင်းများကို ဆုများ   ချီးမြှင့်ပေးအပ်ကြ သည်။

 


ညနေပိုင်းတွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ တတိယနေရာလုပွဲကို  ဆက်လက် ကျင်းပရာ    ပညာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်  တာဝန်ရှိသူများ   ကြည့်ရှု အားပေးကြသည်။

 


အဆိုပါပွဲစဉ်တွင်       မကွေးပညာရေးဒီဂရီ ကောလိပ်အသင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ် အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရရှိပြီး တတိယ ရရှိသည်။

 


တက္ကသိုလ်၊  ဒီဂရီကောလိပ်၊  ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို ယနေ့ ဆက်လက် ယှဉ်ပြိုင်ကစားကြရာ   ရန်ကုန်ဇုန်အသင်းက ဒဂုံဇုန် အသင်းကို သုံးဂိုး - ဂိုးမရှိဖြင့်  လည်းကောင်း၊ ပုသိမ်ဇုန် အသင်းက  မြစ်ကြီးနားဇုန်အသင်းကို နှစ်ဂိုး - တစ်ဂိုး ဖြင့်လည်းကောင်း  အနိုင်ရရှိကြောင်းနှင့် ဖေဖော်ဝါရီ ၂၂  ရက်တွင်    ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ    (အမျိုးသား)   ဗိုလ်လုပွဲစဉ်ကို လည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပွဲစဉ်များကို လည်း ကောင်း ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။    

              
သတင်းစဉ်