၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပဉ္စမနေ့အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဧပြီ   ၁


တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကျောင်းသားများ အချင်းချင်း ဒေသဆိုင်ရာဗဟုသုတများ အပြန်အလှန် ဖလှယ်နိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေးကို ဦးတည်သည့် ကျောင်းသားရပ်ဝန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိသော   ၂၀၂၂ - ၂၀၂၃   ပညာသင်နှစ် နည်းပညာနှင့်      ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ  ပဉ္စမနေ့အုပ်စုပွဲစဉ်များကို  ဧပြီ ၁ ရက်တွင် ဆက်လက်ကျင်းပသည်။

 


နံနက်ပိုင်းတွင် သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဒေါက်တာအောင်ဇေယျသည် ညွှန်ကြားရေးမှူးချုပ်များ၊  တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း  (၃)  ၌ အုပ်စု ၂ ကွန်ပျူတာ တက္ကသိုလ်  (အောက်မြန်မာပြည်)   ပွဲစဉ်ဖြစ်သည့် အသင်း(က) ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်း အချက်အလက်နည်းပညာတက္ကသိုလ်၊    ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ၊ မြိတ်)နှင့် အသင်း(ခ) ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ သထုံ)တို့ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို   ကြည့်ရှုအားပေးကာ  ပြိုင်ပွဲ အပြီးတွင် ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး    နှုတ်ဆက်သည်။    ယင်းပွဲစဉ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး ဂိုးမရှိ သရေကျ ခဲ့သည်။ 

 


ညနေပိုင်းတွင်   ဒုတိယဝန်ကြီးသည်   ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (၁) ၌ အုပ်စု ၄ နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(က) ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မှော်ဘီ၊  တောင်ငူ)နှင့်   အသင်း(ဂ)   နည်းပညာ တက္ကသိုလ်(သန်လျင်၊ မော်လမြိုင်၊ ဘားအံ) များမှ ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ    ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို   ကြည့်ရှု အားပေးသည်။ ယင်းပွဲစဉ်တွင် အသင်း(က) မှ အသင်း (ဂ) ကို ငါးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 


ဆက်လက်၍    ဒုတိယဝန်ကြီး   ဒေါက်တာ အောင်ဇေယျသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း  (၃)  ၌ အသင်း   (ဃ)   ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မအူပင်၊ ထားဝယ်၊ မြိတ်)နှင့်   အသင်း   (ခ) ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ)တို့ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို    ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသားအားကစားသမားများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ယင်းပွဲစဉ် တွင် အသင်း(ခ) မှ အသင်း(ဃ) ကို  ငါးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။                  

 

သတင်းစဉ်