၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်သား ၅၀၀၀ စစ်ဆေးအကဲဖြတ်နိုင်ရန် လျာထားသတ်မှတ်

ရန်ကုန်  ဒီဇင်ဘာ ၂၃


ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ရေးဆိုင်ရာ  ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  ရန်ကင်းမြို့နယ်ရှိ      ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။


ဆောင်ရွက်လျက်ရှိ


အစည်းအဝေးတွင်  အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဩဂုတ် ၁၇ ရက်က ပြည်ထောင်စုနယ်မြေ  နေပြည် တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်း အဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် က ပြည်ထောင်စုနယ်မြေ နေပြည် တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများ ရုံးစိုက်ရာဒေသဖြစ်၍ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေး                  အလေးပေး ဆောင်ရွက်ရန်နှင့်   ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ စက်မှုဇုန်များ စံပြ ဖြစ်စေရေးအတွက်    ကျွမ်းကျင် လုပ်သားများအား အဆင့်အလိုက် ကျွမ်းကျင်မှု   အသိအမှတ်ပြု လက်မှတ်      ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်  လမ်းညွှန်ချက်နှင့် အညီ NSSA မှ လုပ်ငန်းစီမံချက် ရေးဆွဲ၍ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေး    လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။  


ရည်ရွယ်ကျင်းပခြင်းဖြစ်


လုပ်ငန်းစဉ် အကောင်အထည် ဖော်ရန်            အဓိကကျသည့် အတည်ပြု   ခန့်အပ်ထားသော အလုပ်အကိုင်အလိုက် Assessor များ၏ လက်ရှိပူးပေါင်းဆောင်ရွက် နိုင်မှုနှင့်  အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာ တွင်  ကုန်ကျစရိတ်များ ပြန်လည် ညှိနှိုင်းရန် ယနေ့အစည်းအဝေး ကို        ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း။


NSSA အနေဖြင့်   ၂၀၂၁-၂၀၂၂ Mini Budget တွင် အလုပ်အကိုင် များမှ လုပ်သား ၄၂၄ ဦးကိုစစ်ဆေး အကဲဖြတ်ရန်လျာထားပြီး  NSSA  မှ  စစ်ဆေးနေသော အလုပ်အကိုင် များတွင် လုပ်သားအင်အားအများ စု  လုပ်ကိုင်နေသည့် အထည်ချုပ် အလုပ်အကိုင်ကို                 ဦးစားပေး စစ်ဆေးရန်လိုကြောင်း၊   လုပ်သား အင်အား ၃၀၀ အထက်ရှိသည့် အထည်ချုပ် စက်ရုံများတွင် NSSA  ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာန တည်ထောင်၍ စက်ရုံရှိဝါရင့် ကြီးကြပ်ရေးမှူးများကို  စစ်ဆေး အကဲဖြတ်သူများ၊ Chief Assessor အဖြစ်  သတ်မှတ်နိုင်ရေး လေ့ကျင့် ပေးရန်လိုအပ်ကြောင်း၊ ဆက်လက် ၍ အိမ်တွင်းလျှပ်စစ်တပ်ဆင်ရေး လုပ်သား၊       လေအေးပေးစက် တပ်ဆင်လုပ်သားများကို  စစ်ဆေး ပေးရန် တိုက်တွန်းလိုကြောင်း။


 ၂၀၂၂-၂၀၂၃    ဘဏ္ဍာနှစ်တွင် လုပ်သား  ၅၀၀၀ စစ်ဆေးအကဲ ဖြတ်နိုင်ရန်  လျာထားသတ်မှတ် ထားပြီး   ပြည်ထောင်စုနယ်မြေ နေပြည်တော်အပြင်  ကျန်တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ အလုပ် အကိုင်အလိုက်         Assessment Center များတွင် လုပ်သားများအား Skills Certificate ပေးအပ်နိုင်ရေး စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်း စဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်၍ တက်ညီလက်ညီ ပူးပေါင်း        ဆောင်ရွက်ပေးစေလို ကြောင်း။
အလုပ်အကိုင်အလိုက် Assess- ment   Center တာဝန်ခံများ အနေဖြင့်        လုပ်သားတစ်ဦး စစ်ဆေးအကဲဖြတ်ရေး   ကုန်ကျ စရိတ်များနှင့်ပတ်သက်ပြီး  ခေတ် ကာလနှင့်ကိုက်ညီ၍  အနည်းဆုံး ကုန်ကျစရိတ်          ဖြစ်စေရေး တွက်ချက် တင်ပြစေလိုကြောင်း၊ အနာဂတ်တွင်     လာရောက် စစ်ဆေးခံသည့်  လုပ်သားများ အတွက် အလုပ်ရှင်များက ကုန်ကျ စရိတ်အပေါ် အချိုးကျ  ကျခံနိုင် ရေး အကြံပြုတင်ပြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။


ဆွေးနွေးတင်ပြ


ဆက်လက်၍ စက်မှုကြီးကြပ် ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ နိုင်ငံ            လုပ်သားများကျွမ်းကျင်မှု “စံ”  သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ကော်မတီဝင်များ နှင့်  တက်ရောက်လာသူများက ဆောင်ရွက်ချက်များကို   ဆွေးနွေး တင်ပြ၍ ဒုတိယဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။


 သတင်းစဉ်