၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ အခြေအနေများအပေါ်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကျင်းပ

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကျင်းပ
 

နေပြည်တော်    မတ်     ၃၁ 


၂၀၂၂-၂၀၂၃    ဘဏ္ဍာနှစ်ကုန်တွင်   မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍရှိ   ငွေကြေးဆိုင်ရာ   ဖြစ်ပေါ် တိုးတက်မှုများ၊  နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှု ကိစ္စရပ်များ၊    ငွေကြေးခဝါချမှုဆိုင်ရာ   သတ်မှတ် စည်းမျဉ်းစည်းကမ်းများ     လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ်  မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့်    ပုဂ္ဂလိကဘဏ်များအကြား   သုံးသပ်ဆွေးနွေး သည့် အစည်းအဝေးကို   ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဇမ္ဗူသီရိခန်းမ၌ ကျင်းပ ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်    ဥက္ကဋ္ဌ၊    ဒုတိယ ဥက္ကဋ္ဌများ၊   ညွှန်ကြားရေးမှူးချုပ်များနှင့်   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊       ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊  အမှုဆောင်အရာရှိချုပ်များ   တက်ရောက် ကြသည်။

 


အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေက   မြန်မာနိုင်ငံ   ဘဏ် လုပ်ငန်းကဏ္ဍ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်  သုံးနှစ် တာကာလအတွင်း    တိုးတက်မှုကို   ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏အပ်ငွေသည် ယခင်ဘဏ္ဍာနှစ် နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ ချေးငွေသည် ၇ ဒသမ ၈၁   ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊   Credit  to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယခင် နှစ်နှင့် နှိုင်းယှဉ်ပါက    ဘဏ်များ၏   ဗဟိုဘဏ်ရှိအပ်နှံ ငွေသည်  ၃၅   ရာခိုင်နှုန်းနှင့်   ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည်    ၃၆   ရာခိုင်နှုန်း  တိုးတက်လာကြောင်း၊    Interbank   Market   ရှိ  ငွေကြေး လွယ်ကူမှု Turnover သည် ငွေကျပ်  ၁၁၆၆ ဘီလီယံ၊  ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်း ခန့်  တိုးတက်ခဲ့ပါကြောင်း၊  နိုင်ငံခြားဘဏ်များနှင့်  ပုဂ္ဂလိကဘဏ်များအကြားတွင်     ကျပ်ငွေလွယ်ကူမှု    ပိုမိုမြင့်မားလာကြောင်း၊  ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်သည့်  ကာလတိုငွေကြေးဖြည့်ဆည်းမှုများ    အားကောင်းလာကြောင်း၊   စီးပွားရေးဖွံ့ဖြိုးလာမှုနှင့်  လုပ်ငန်းများ လည်ပတ်မှုများ  အားကောင်းလာသဖြင့် ဘဏ်များအနေဖြင့်    ချေးငွေများ     ပိုမိုကောက်ခံ ရရှိလာပြီး၊ ချေးငွေများအပေါ် (Restructuring and Rescheduling)  များ ဆောင်ရွက်ပေးခြင်းကြောင့်  ပိုမိုလုပ်သာကိုင်သာရှိလာသဖြင့်     အရင်း/အတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများ လျော့နည်း ကျဆင်းလာကြောင်း      စသည့်ဘဏ်လုပ်ငန်းကဏ္ဍ အတွင်း  ဖြစ်ပေါ်တိုးတက်လျက်ရှိသည့်   အခြေအနေ များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

 


ဆက်လက်၍ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟို ဘဏ်က သတ်မှတ်ပေးသည့် စည်းမျဉ်းများကို ဘဏ် များ၊ Exporter များ၊ Importer များလိုက်နာစေရေး၊  Export Earnings   ပြန်မဝင်သည့်   ကိစ္စရပ်များ စောင့်ကြည့်စစ်ဆေးနိုင်ရေး၊  လိုအပ်သည့်အထောက် အထားများ   ရယူစစ်ဆေးနိုင်ရေး၊   KYC/CDD   နှင့် အမေရိကန်ဒေါ်လာ   ၁၀၀၀၀  နှင့်အထက်   ငွေလွှဲ ဝင်ရောက်ခြင်းများကို  ဗဟိုဘဏ်သို့ သတင်းပို့ရေး၊ သတင်းပို့ရန်     ပျက်ကွက်ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများ    ဖြစ်လာပါက   စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့်    အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)  သို့ သတင်းပေးပို့ရမည့် စာရင်းများအား  စနစ်တကျ စောင့်ကြည့်ပေးပို့သွားရန်   လိုအပ်ကြောင်း    ပြော ကြားသည်။     


ထို့ပြင်    နယ်စပ်ဒေသတွင်   ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲကိစ္စရပ်များ မဖြစ်ပွား အောင်  အထူးဂရုပြု ဆောင်ရွက်သွားရန်ဖြစ်ကြောင်း  နှင့် ငွေကြေးခဝါချမှုနှင့်   အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲ ဆောင်ရွက်မှုများမှတစ်ဆင့်       အဖြစ်များသဖြင့် Monitoring    အလေးထားဆောင်ရွက်ရန်   လိုအပ် ကြောင်း၊   ဗဟိုဘဏ်အနေဖြင့်လည်း   ဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး   ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊      ထိုသို့ပံ့ပိုးပေးနေသည့် အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျလိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုန်သွယ်မှုကဏ္ဍတွင် ဒေသသုံးငွေကြေးများပိုမိုသုံးစွဲပြီး    ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့ချကာ  Currency  Diversifi-cation ကို ဆုံးရှုံးနိုင်ခြေပေါ်မူတည်၍  စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ ယွမ်/ထိုင်းဘတ်အပြင် ရူပီးနှင့်ကျပ် ကိုပါ သုံးစွဲနိုင်ရေး    အိန္ဒိယဗဟိုဘဏ်နှင့်    အတည် ပြုချက်ရယူပြီး၍      မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့်    အစီအမံများ   ချပြပေးမည်ဖြစ် ကြောင်း ဆွေးနွေးသည်။ 

 


ဆက်လက်၍  တက်ရောက်လာသည့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ  က သက်ဆိုင်ရာဘဏ်အလိုက်  ဆောင်ရွက်လျက်ရှိ သည့် တိုးတက်မှု၊ လာမည့်ဘဏ္ဍာနှစ်တွင်  လုပ်ငန်း တိုးချဲ့အကောင်အထည်ဖော်မည့်         အခြေအနေ၊ Digital Banking ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ Internal Control   စီမံထားရှိမှု၊   AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်နေသည့် အခြေအနေများ ကို  ဆွေးနွေးတင်ပြကြရာ   ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ များက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။ 

 


ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက  ကောင်းမွန်သည့် ဘဏ်စနစ်ဖြစ်ပေါ်ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်     ဘဏ်များအားလုံး စည်းလုံးညီညွတ်စွာဖြင့်   ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်၊    ဘဏ်လုပ်ငန်းရေရှည်ဖွံ့ဖြိုး စေရန်အတွက်   တိုးတက်ကောင်းမွန်သည့်    ဘဏ် လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပြည်သူလူထုကို အလုပ်  အကျွေးပြုသွားရန်၊     Risk    Management   ကို  တိုးမြှင့်ဆောင်ရွက်သွားရန်နှင့်   လုပ်ငန်းလုံခြုံမှုနှင့် အောင်မြင်မှုတို့ကို ဟန်ချက်ညီစွာပေါင်းစပ်ဆောင် ရွက်ပြီး   ပြဋ္ဌာန်းထားသည့်   ဥပဒေ၊    စည်းမျဉ်း စည်းကမ်းများနှင့်အညီ         ဆောင်ရွက်ရန်လိုအပ် ကြောင်း မှာကြားသည်။             

   
သတင်းစဉ်