၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်  ဇူလိုင်   ၉


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ကျင်းပသည်။


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  မန်းငြိမ်းမောင်၊ Jeng   Phang   နော်တောင်၊  ဦးမောင်းဟာနှင့် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြသည်။ 


ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရ


ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်    ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အချိန်ပို မိနစ် ၃၀ ကစားအပြီး  တစ်ဖက်  သုံးဂိုးစီ  သရေကျခဲ့သဖြင့်  ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရရှိသွားသည်။


ထို့နောက်           ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆုရ စောကျော်ခိုင်ဦး     (ကရင်ပြည်နယ်အသင်း)ကို ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ရီ ကလည်းကောင်း၊ အကောင်းဆုံး      နောက်တန်းကစားသမားဆုရ ရန်နိုင်မင်းထက်(ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး   ဦးကိုကို  ကလည်းကောင်း၊ အကောင်းဆုံး        အလယ်တန်းကစားသမားဆုရ ရဲကောင်းဆက် (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကလည်းကောင်း၊ အကောင်းဆုံး         ရှေ့တန်းကစားသမားဆုရ သိန်းဇော်သီဟ (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး   ဦးအောင်နိုင်ဦး  ကလည်း ကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစား သမားဆုရ   စောသန်းကိုသန်း  (ကရင်ပြည်နယ် အသင်း) ကို  ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်က လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ် ချီးမြှင့်ကြသည်။ 


ဆက်လက်၍  စတုတ္ထဆုရရှိသည့်    မန္တလေး တိုင်းဒေသကြီးအသင်းအတွက်    ငွေသားဆုကို ပြည်ထောင်စုဝန်ကြီး      ဒေါက်တာသက်ခိုင်ဝင်း ကလည်းကောင်း၊ တတိယဆုရရှိသည့် မကွေးတိုင်း ဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆုကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအတွက် တစ်ဦးချင်း      ဆုတံဆိပ်များနှင့်     ငွေသားဆုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   Jeng Phang နော်တောင်   ကလည်းကောင်း   ပေးအပ် ချီးမြှင့်ကြသည်။ 


တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်


ယင်းနောက် ပထမဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့်    အမျိုးသားတံခွန်စိုက်ဆုဖလားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်က  ပေးအပ်ချီးမြှင့်သည်။


တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ် အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲများကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၉ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း  ၁၃ သင်း    ဝင်ရောက်ယှဉ်ပြိုင်  ကစားခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်