
နေပြည်တော် ဇွန် ၂၅ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီ ယယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာ ရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အသီးသီးအနိုင်ရရှိ ယနေ့ပွဲစဉ်များအဖြစ် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃)တို့တွင် မွန်ပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက နှစ်ဂိုး-ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ မကွေးတိုင်းဒေသကြီးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။ ဇွန် ၂၆ ရက် ပွဲစဉ်များအဖြစ် ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)တွင် နေပြည်တော်အသင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ သတင်းစဉ်