၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်  ဇွန်   ၂၈


၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ   ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ    အခမ်းအနား ကျင်းပရေး         ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်    ၁၀   နာရီတွင် သာသနာရေးနှင့်         ယဉ်ကျေးမှု ဝန်ကြီးဌာန       စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
စုစုပေါင်း ၃၉ ဦးရှိ
အစည်းအဝေးတွင် သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ   ဘွဲ့ တံဆိပ်များ     ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး   ဦးစီး ကော်မတီဥက္ကဋ္ဌ၊     သာသနာရေး နှင့်     ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာ တော်ဆိုင်ရာ  သာသနာနုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုးအနက်  အမြင့်ဆုံးဘွဲ့ တံဆိပ်နှစ်မျိုးဖြစ်သည့်  အဂ္ဂမဟာ သီရိ သုဓမ္မမဏိဇောတဓရ ဘွဲ့ တံဆိပ်ရ     အမျိုးသား ၁၁ ဦး၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ    ဘွဲ့ တံဆိပ်ရ       အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၃၉ ဦးရှိပြီး  သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့ တံဆိပ်များ     ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို   ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီတွင်   ကျင်းပသွား မည်ဖြစ်ကြောင်း။
ပြင်ဆင်ညှိနှိုင်းပေါင်းစပ်
ယခုအခမ်းအနားသည် ဆရာ တော်သံဃာတော်များ  မပါဝင်ဘဲ လူပုဂ္ဂိုလ်များသာ     သီးသန့်ချီးမြှင့် အပ်နှင်းသည့်    အခမ်းအနားဖြစ် သည့်အတွက်    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   ထုတ် ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်   ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆပ် ကော်မတီများအနေဖြင့် ခမ်းခမ်း နားနား  ပြင်ဆင်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည်           ဖြစ် ကြောင်း။
ထို့အတူ        ကျန်ရှိသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ၆ မျိုး ရရှိကြသော  အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၅၂ ဦး   စုစုပေါင်း ၈၅ ဦးတို့ကိုလည်း          သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊    တိုင်း ဒေသကြီး/ ပြည်နယ်  စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌတို့၏ ဦးဆောင် မှုဖြင့် နေပြည်တော်    ကောင်စီ/တိုင်းဒေသကြီး/   ပြည်နယ်တို့တွင် သတ်မှတ်နေရာ    အသီးသီးတို့၌ တစ်ချိန်တည်း     တစ်ပြိုင်တည်း  ဘွဲ့တံဆိပ်    ချီးမြှင့်အပ်နှင်းပွဲ  အခမ်းအနားများ    ကျင်းပသွား မည်ဖြစ်ကြောင်း     ပြောကြား သည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ အစည်းအဝေး သို့     တက်ရောက်လာကြသည့် အခမ်းအနား  ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့်     အဖွဲ့ဝင်များ၊ အခမ်းအနား    ပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပရေး    ဆပ် ကော်မတီ၊ တည်းခိုရေးနှင့်  ကြိုဆို နေရာချထားရေး  ဆပ်ကော်မတီ၊ ဖိတ်ကြားရေး    ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊  ဧည့်ခံ ဖျော်ဖြေရေး    ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့်   ပြန်ကြား ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီနှင့်     လုံခြုံရေး ဆပ်ကော်မတီတို့က         ပထမ အကြိမ်    အစည်းအဝေးဆုံးဖြတ် ချက် (၂၁)ချက်အပေါ်    ဆောင်ရွက် ထားရှိမှုနှင့်        အခမ်းအနား အောင်မြင်စွာ         ကျင်းပနိုင် ရေးအတွက်      စီစဉ်ဆောင်ရွက် ထားရှိမှုတို့ကို       ဆွေးနွေးတင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးက    သတင်းမှတ်တမ်း ရိုက်ကူးရေးအတွက်     နိုင်ငံပိုင် သတင်းမီဒီယာများဖြင့် ရိုက်ကူး ထုတ်လွှင့်နိုင်ရေးနှင့် အခမ်းအနား သို့    ဘွဲ့ခံပုဂ္ဂိုလ်များကို   ကင်မရာ များ     ယူဆောင်ခွင့်မပြုသည့် အတွက် မှတ်တမ်းဓာတ်ပုံ/ ဗီဒီယို များ  ကူးယူဆောင်ရွက်ပေးနိုင်ရေး သတင်းမှတ်တမ်းနှင့်  ပြန်ကြား ရေးဆပ်ကော်မတီမှ  စီစဉ်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   ထိုးနှံပေး ခြင်းနှင့် စစ်ဆေးခြင်းများကို ဘွဲ့ခံ ပုဂ္ဂိုလ်များ၊  အထောက်အကူပြု ပုဂ္ဂိုလ်များနှင့်  လိုက်ပါဆောင်ရွက် မည့်   ဝန်ထမ်းများ၊   ယာဉ်မောင်း များကို         ကျန်းမာရေးဆပ် ကော်မတီအနေဖြင့် ကြိုတင်စစ် ဆေး     ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးဆပ်ကော်မတီမှ   အထူး ကြပ်မတ်ဆောင်ရွက်ရန်     ဖြစ် ကြောင်း၊    နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်၍      ခံ့ညား ထည်ဝါစွာ     ဆောင်ရွက်သွားကြ ရန်အတွက်   ဆပ်ကော်မတီများ အနေဖြင့်  ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားကြရန်  နိဂုံးချုပ်  အမှာ စကားပြောကြားခဲ့ကြောင်း   သိရ သည်။
သတင်းစဉ်