
နေပြည်တော် ဇွန် ၂၈
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဇူလိုင် ၉ ရက်တွင် ကျင်းပသွားမည်
အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ် ရှစ်မျိုးအနက် အမြင့်ဆုံးဘွဲ့တံဆိပ် နှစ်မျိုးဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ အမျိုးသား ၁၁ ဦး၊ အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီဘွဲ့တံဆိပ်ရ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၃၉ ဦး ရှိပြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း။
ယခုအခမ်းအနားသည် ဆရာတော်သံဃာတော် များမပါဝင်ဘဲ လူပုဂ္ဂိုလ်များသာ သီးသန့်ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆပ်ကော်မတီများအနေဖြင့် ခမ်းခမ်းနားနား ပြင်ဆင်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ထို့အတူ ကျန်ရှိသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ခြောက်မျိုးရရှိကြသော အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၈၅ ဦးတို့ကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ်တို့ တွင် သတ်မှတ်နေရာအသီးသီးတို့၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊ တည်းခိုရေး နှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဖိတ်ကြား ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံ ဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ နှင့် လုံခြုံရေးဆပ်ကော်မတီတို့က ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် ၂၁ ချက်အပေါ် ဆောင်ရွက်ထားရှိမှုနှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု တို့ကို ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သတင်း မှတ်တမ်းရိုက်ကူးရေးအတွက် နိုင်ငံပိုင်သတင်း မီဒီယာများဖြင့် ရိုက်ကူးထုတ်လွှင့်နိုင်ရေးနှင့် အခမ်း အနားသို့ ဘွဲ့ခံပုဂ္ဂိုလ်များကို ကင်မရာများ ယူဆောင် ခွင့်မပြုသည့်အတွက် မှတ်တမ်းဓာတ်ပုံ/ဗီဒီယိုများ ကူးယူဆောင်ရွက်ပေးနိုင်ရေး သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီက စီစဉ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းနှင့် စစ်ဆေးခြင်းများကို ဘွဲ့ခံပုဂ္ဂိုလ်များ၊ အထောက်အကူပြုပုဂ္ဂိုလ်များနှင့် လိုက်ပါဆောင်ရွက် မည့် ဝန်ထမ်းများ၊ ယာဉ်မောင်းများကို ကျန်းမာရေး ဆပ်ကော်မတီအနေဖြင့် ကြိုတင်စစ်ဆေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးဆပ်ကော်မတီက အထူးကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်၍ ခံ့ညားထည်ဝါစွာ ဆောင်ရွက် သွားကြရန်အတွက် ဆပ်ကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်