
နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တတိယနေ့ ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ကျင်းပသည်။
လေ့လာကြည့်ရှု
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ပြသထားသည့် ပုလဲအတွဲ များနှင့် ကျောက်စိမ်းအတွဲများ ကိုလည်းကောင်း၊ ခန်းမအပြင် ဘက်ရှိ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို လည်း ကောင်း စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲ အမှတ် (၁ မှ ၂၂၀) အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချ နိုင်ခဲ့ပြီး ယနေ့ပြပွဲတွင် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များက စိတ်ကြိုက် လေ့လာကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ဖွင့်ဖောက်စစ်ဆေး
ထို့နောက် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀)အထိ တင်သွင်းထား သည့် ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက စနစ်တကျ ဖွင့်ဖောက်စစ်ဆေးကာ ပုလဲ အတွဲပေါင်း ၁၁၀ ရောင်းချနိုင်ခဲ့ ကြောင်း ကြေညာသည်။
ဆက်လက်၍ ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၂၅၀)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ရတနာကုန်သည်များ က ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲ အမှတ်(၁)မှ (၂၅၀)အထိ တင်သွင်း ထားသည့် ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် ရောင်းချ ရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုအားပေး
မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟို ကော်မတီဝင်များသည် မဏိ ရတနာကျောက်စိမ်းခန်းမ မြေညီ ထပ်၌ ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၇၈၀ ကို ခင်းကျင်းပြသပေး လျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိကို လည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက် စိမ်းအတွဲအမှတ် (၅၀၁) မှ (၇၈၀)အထိကိုလည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရဲနိုင်ဝင်း
ဓာတ်ပုံ - ကိုကိုကျော်