၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၀


၂၀၂၁   ခုနှစ်   ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium)   စတုတ္ထနေ့ကို ယနေ့တွင်       နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်   အညီ ဆက်လက်ကျင်းပသည်။ 


လေ့လာကြည့်ရှု


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း         ပြသထားသည့်  ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက်ရှိ   သတ်မှတ်နယ်မြေ အလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်း      အတွဲများကို စိတ်ကြိုက်     လေ့လာကြည့်ရှုကြ သည်။ 
ပြပွဲ      တတိယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁ မှ ၂၅၀) အထိ  အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၁၉၉ တွဲ ရောင်းချနိုင်ခဲ့ ကြောင်းကြေညာပြီး   ယနေ့ပြပွဲ တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁)မှ (၅၀၀)အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ရတနာကုန်သည်များက ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲ များကို    ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း     တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ 
ကြေညာသွားမည်
ထို့နောက်   ကျောက်စိမ်းအတွဲ အမှတ်(၂၅၁)မှ  (၅၀၀)အထိ တင်သွင်းထားသည့်     ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက      မွန်းလွဲ  ၃  နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေး ကာ  ဒီဇင်ဘာ  ၂၁  ရက်  နံနက် ၁၁   နာရီတွင်   ရောင်းချရသည့် ကျောက်စိမ်း     အတွဲများအား ကြေညာသွားမည်    ဖြစ်ကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင်      မြန်မာ့ ကျောက်မျက်ရတနာပြပွဲ   ဗဟို ကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး   ဦးခင်မောင်ရီ၊   ဒုတိယ ဝန်ကြီး    ဦးမင်းမင်းဦးနှင့်   ပြပွဲ ဗဟိုကော်မတီဝင်များသည် မဏိ ရတနာ ကျောက်စိမ်းခန်းမအတွင်း ရှိ   ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်ရှိ ကျောက်စိမ်း အတွဲများအား အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချပေးနေမှု အခြေအနေ များကို  ကြည့်ရှုအားပေးသည်။ 


ပုလဲအတွဲပေါင်း  ၃၃၀ ရောင်းချပေး နိုင်ခဲ့


ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက် အထိ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲ အတွဲပေါင်း   ၃၃၀ ရောင်းချပေး နိုင်ခဲ့ပြီး     ဒီဇင်ဘာ   ၂၁   ရက်တွင် ကျောက်စိမ်းအတွဲ      (၅၀၁)မှ (၇၈၀)အထိ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း    သိရ သည်။                        

  သတင်းစဉ်