
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video Message ပေးပို့၍ မိန့်ခွန်းပြောကြား
နေပြည်တော် ဒီဇင်ဘာ ၉
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌဦးတင်ဦး၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူ များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း Video Message ကို
ဖွင့်လှစ်ပြသသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၉ တွင် ဖော်ပြထား ပါသည်။)
ထို့နောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ် မှန်ကန်ရေးအတွက် အဂတိကင်းစင်သည့်၊ ဘက်လိုက် မှုကင်းသည့်၊ ဖြောင့်မတ်တည်ကြည်သည့်၊ သမာသမတ် ကျသည့် တရားစီရင်ရေးကို ဖော်ဆောင်ခြင်း၊ တရားရုံး ဝန်ဆောင်မှုများ၊ တရားမျှတမှု လက်လှမ်းမီနိုင်မှုများ၊ တာဝန်ခံ ယူနိုင်မှုများ မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ဖြင့် တရားစီ ရင်ရေးအပေါ် ယုံကြည် ကိုးစားလာမှု တိုးတက်မြင့်မား စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးကဏ္ဍတွင် ပါဝင် ဆောင်ရွက်နေသည့် တရားသူ ကြီးများအနေဖြင့် မိမိတို့၏ ကျင့်ဝတ်သိက္ခာများကို လိုက်နာ စောင့်ထိန်းပြီး အဂတိတရား ကင်းစင်စွာဖြင့် တရားစီရင်ရေး တာဝန်များကို ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ တရား စီရင်ရေးကဏ္ဍနှင့် ဆက်စပ် သူများဖြစ်သည့် တရားစွဲ အဖွဲ့ အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ အမှုသည်များ အပါအဝင် သတင်းမီဒီယာများနှင့် ပြည်သူများကလည်း မိမိတို့၏ ကျင့်ဝတ် သိက္ခာများကို စောင့်ထိန်းလိုက်နာပြီး အဂတိ တရားကင်းစင်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မျှတသည့် တရားစီရင်ရေးနှင့် ထိရောက်မှုရှိသည့် တရားဥပဒေ စိုးမိုးရေးတို့ကို အတူဖော်ဆောင် ကြစေလိုကြောင်း Video Conferencing ဖြင့် ပြောကြား သည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အကောင် အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။ယင်းနောက် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်