
နေပြည်တော် ဇူလိုင် ၃
၂၀၂၁ ခုနှစ် (၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ် ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုသမဝါယမ အသင်း လီမိတက်မှ နာယကနှင့် ဥက္ကဋ္ဌ ၊ သမဝါယမတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ် သမဝါယမဦးစီး ဌာနမှ ညွှန်ကြားရေးမှူးများနှင့် အသင်းစုချုပ် ဥက္ကဋ္ဌများက Video Conferencing ဖြင့် ပါဝင် တက်ရောက်ကြသည်။
ဝန်ဆောင်မှုများ ပေးနိုင်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွား ရေးဦးတည်ချက်၌ ပါဝင်သည့် “ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး”ဆိုသည့် ဦးတည်ချက်နှင့်အညီ သမဝါယမ အသင်းများက ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူ ရေး သမဝါယမအသင်းများ အနေဖြင့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက် ဝယ်လိုအားတစ်ရပ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ သမဝါယမအသင်းများ၏ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း အတွက်လည်း ပံ့ပိုးငွေ ငွေကျပ် သန်း ၂၆၃၃၀ ဒသမ ၅၇၃ ဖြင့် လယ်မြေဧက ၈၉၆၃၃ ဒသမ ၆၀ ဧကကို စိုက်ပျိုးရာသီအချိန်မီ ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည် ကိုလည်း တွေ့ရပါကြောင်း၊ သွင်းအားစုပံ့ပိုးခြင်း အနေဖြင့် လည်း မြေဩဇာ ၁၄၃၆၈၅ အိတ်၊ မျိုး ၅၆၅ အိတ်၊ ပိုးသတ်ဆေး ၂၉၅၁၂ အိတ်၊ တန်ဖိုးအားဖြင့် ၄၇၀၈ဒသမ ၆၀၃ သန်းကို ပံ့ပိုး ပေးနိုင်ခဲ့ပါကြောင်း၊ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း ၁၆၂ သင်းမှ လည်း ရိတ်သိမ်းခြွေလှေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီး၊ အခြားစက်ကိရိယာ ၆၄ စီးတို့ဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါကြောင်း။
တီထွင်ကြံဆဆောင်ရွက်
အသင်းသားပြည်သူ ၄ ဒသမ ၂ သန်းဖြင့် ဖွဲ့စည်းထားသည့် သမဝါယမ အသင်းပေါင်း သုံးသောင်းကိုးထောင်ကျော်၏ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် သမဝါယမအသင်းများ၊ အသင်း သားများအနေဖြင့် ခေတ်စနစ်နှင့် လျော်ညီသည့်အတွေးသစ်၊ အမြင် သစ်များနှင့် တီထွင်ကြံဆကာ ပိုမို တိုးတက်ကောင်းမွန်သည့် အသင်း များဖြစ်လာအောင် ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဗဟိုသမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌ ဦးအောင် ဖြူက အပြည်ပြည်ဆိုင်ရာ သမ ဝါယမနေ့အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြားပြီး အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သည့်သဝဏ်လွှာကို ဗဟို သမဝါယမအသင်း လီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင်က ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြု မှတ်တမ်းတင် Video Clip ကို ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်