
နေပြည်တော် အောက်တိုဘာ ၁၆
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးစာအုပ်များ အရည်အသွေး ပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိ ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင် များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက်ပါဝင် တက်ရောက် ကြသည်။(အပေါ်ယာပုံ)
အစည်းအဝေးတွင် ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ်များ အရည်အသွေး ပြည့်မီစွာ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိသည်များကို ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီနှင့် ကျောင်းသုံးစာအုပ် များ ဖြန့်ချိရေးဆပ်ကော်မတီတို့ကို တာဝန်ယူထားသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်း တို့က ပြီးခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် တချို့အချက်များကို ယနေ့ အစည်း အဝေးတွင် ထပ်မံဆွေးနွေး ဆုံးဖြတ် ချက်ရယူ အတည်ပြုသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသုံး စာအုပ်များ ပုံနှိပ်ဖြန့်ချိရေးအတွက် အချိန်မီ ဆောင်ရွက်ပေးခြင်းနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် စနစ်တကျ လုပ်ထုံးလုပ်နည်းနှင့်အညီ ဦးစီးဆောင်ရွက်ပေးသည့် ပြန်ကြား ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများကို ပညာရေးဝန်ကြီးဌာနကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံး ဖတ်စာအုပ်များကို ပြုစုလျက်ရှိပါ ကြောင်း၊ အချိန်မီ ပြုစုပြီးစီးရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသုံးစာအုပ် အသစ် များကို အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီက အတည်ပြု ပေးပို့လာ သည်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ရေး အတွက် အချိန်နှင့် တစ်ပြေးညီ ဆက်လက်တင်ပြဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိ ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေနှင့် ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀)တွင် မှတ်တမ်းတင် ဆုံးဖြတ်နိုင်ရန် အချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဆပ်ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင် ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြ ကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၀) ဆုံးဖြတ်ချက်များကို တင်ပြအတည်ပြု မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာ စကားပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်