2020 Tokyo Olympic အားကစားပြိုင်ပွဲ မြန်မာသေနတ်ပစ်အားကစားသမား ရဲထွန်းနောင် ဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်   ဇူလိုင်   ၂၄


ဂျပန်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် 2020 Tokyo Olympic အားကစားပြိုင်ပွဲတွင် ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲကို   Asaka သေနတ်ပစ်ကွင်း၌ ယနေ့နံနက်  ၁၀ နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံမှ   သေနတ်ပစ်အားကစားသမား   ရဲထွန်းနောင်က ကျည်အတောင့် ၆၀  ဝင်ရောက်ယှဉ်ပြိုင်ပစ်ခတ်ရာ (၉၂၊ ၉၅၊ ၉၈၊ ၉၆၊ ၉၈၊ ၉၇) ပျမ်းမျှ ၉ ဒသမ ၆၀ စုပေါင်းရမှတ် ၅၇၆  မှတ်ဖြင့် အဆင့်(၁၄) ရရှိခဲ့သည်။ 

 


အဆိုပါပြိုင်ပွဲကို   အားကစားသမား ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး      နောက်ဆုံးဗိုလ်လုပွဲသို့  ရှစ်ဦးသာ တက်ရောက်ခွင့်ရရှိခဲ့ကာ အဆင့်(၁)အဖြစ် အိန္ဒိယအားကစားသမားက ၅၈၆ မှတ်၊ အဆင့်(၈)အဖြစ် ဆားဘီးယားအားကစားသမားက ၅၇၈ မှတ် ရရှိသည်။

 


သတင်းစဉ်