၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ဆန္ဒမဲများပေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ဆန္ဒမဲများပေး

 

နေပြည်တော်     နိုဝင်ဘာ       ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံး တွင် ကျင်းပရာ တပ်မတော်သားများနှင့် မိသားစုဝင် များသည်လည်း  သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်း သတ်မှတ်ချက်များနှင့်အညီ   ဆန္ဒမဲများပေးခဲ့ကြ သည်။
ထိုသို့    ဆန္ဒမဲများပေးကြရာ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်း တွင်   နေပြည်တော်ကောင်စီနယ်မြေ   ဇေယျာသီရိ မြို့နယ် အနော်ရထာရပ်ကွက် ဇေယျာသီရိကုန်တိုက်ရှိ မဲရုံအမှတ်(၁)သို့ သွားရောက်၍ ဆန္ဒမဲများပေးကြသည်။
ထို့အတူ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး  ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊  ကာကွယ်ရေးဝန်ကြီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ  ပြည်ထောင်စုဝန်ကြီး များနှင့်   ဇနီးများ၊   တပ်မတော်အရာရှိကြီးများ၊  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကလည်း သတ်မှတ် မဲရုံများ၌ ဆန္ဒမဲများ အသီးသီးပေးခဲ့ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ မဲရုံ အသီးသီးတွင်လည်း တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာမဲရုံအသီးသီးတွင် စနစ်တကျဖြင့်        ဆန္ဒမဲများပေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏     သတင်း ထုတ်ပြန်ချက်အရ သိရသည်။              သတင်းစဉ်